ရန်ကုန်၊ မတ် ၁၄
ရှမ်းပြည်နယ် နောင်ချိုမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြောက်ပိုင်းတိုင်း PDF တပ်ဖွဲ့တို့ ယနေ့ မတ်လ ၁၄ရက်နေ့နှင့် မတ် ၁၃ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းမှူး ၁ဦးအပါအဝင် စစ်သား ၄ဝ ထက်မနည်း သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၃ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၄၇နှင့် အမှတ် ၅၀၉ ရှမ်းမြောက် ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခလရ ၁၄၇ မှ စစ်ကြောင်းမှူးအပါအဝင် စစ်သား ၂၅ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ခလရ၁၄၇၊ တပ်မ ၉၉ နှင့် အမှတ် ၅၀၉ ရှမ်းမြောက် ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်း စစ်ကောင်စီ စစ်ကြောင်းများသည် ထိခိုက် သေဆုံးမှုများပြားခဲ့ခြင်းကြောင့် ပြန်လည်ဆုတ်ခွာသွားပြီ ကာကွယ်ရေး တပ်ဖွဲ့ဝင်များလည်း ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
Photo- AFP