ရှစ်လေးလုံး တော်လှန်ရေးစိတ်ဓာတ်ဖြင့် စစ်အာဏာရှင် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း
ရန်ကုန်၊ ဩဂုတ် ၈
စစ်အာဏာရှင် တော်လှန်ရေး အတွက် ပြည်သူအားလုံးပါဝင်နေသည့် ယခု နွေဦး တော်လှန်ရေးတွင် ရှစ်လေးလုံး တော်လှန်ရေးစိတ်ဓာတ်ဖြင့် စစ်အာဏာ ရှင် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်း အနား ၌ အမျိုးသားညီညွတ် ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ က အထက် ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခု နွေဦးတော်လှန်ရေးမှာလည်း ရှစ်လေးလုံး လူထုအရေးတော်ပုံက မွေးဖွား လာတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပြန်လည်ပွားများယူဖို့ လိုပါတယ်။ ရှစ်လေး လုံးတော်လှန်ရေး စိတ်ဝိညာဉ်ကို တန်ဖိုးထား နှလုံးသွင်းပြီး အနာဂတ် ဖက် ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက်ချိန်အထိ ဆက်လက် ချီတက် ရပါလိမ့်မယ်။ ရှစ်လေး လုံးလူထုအရေးတော်ပုံမှ သည်ယခု နွေဦး တော် လှန်ရေးကာလအထိ စစ်အာဏာရှင်စနစ် အမြစ် ဖြတ် ချေမှုန်းနိုင် ရေးအတွက် အသက်ပေးသွားသူတွေ အမြောက်အမြား ရှိပါတယ်။ ကျနော်တို့ ဟာ အရေးတော်ပုံတွေအတွင်းမှာ အသက်ပေးသွားခဲ့တဲ့ လူထုရဲ့ ကျေးဇူးတရား ကို အကောင်းဆုံး ပြန် ပေး ဆပ်ရ ပါလိမ့်မယ်။ ဒီမိုကရေစီရေး လူထုတော်လှန် ရေးအတွင်းမှာ အသက်ပေးသွားကြသူ အပေါင်း ကို အကောင်းဆုံး ကျေး ဇူးဆပ် ခြင်းဆိုတာကတော့ နွေဦးတော်လှန်ရေးကို အလုံးစုံ အပြီးသပ် အောင် မြင် အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအောင်ပွဲကို အပြီး တိုင် ရယူနိုင်မှသာလျှင် ပေးဆပ်သူ လူထုအပေါင်းကို ကျေးဇူးဆပ် ရာရောက် ပါလိမ့်မယ်။”ဟု ယာယီသမ္မတဒူဝါလရှီးလက ပြော ဆိုသည်။
ဒီမိုကရေစီရေးအတွက်ခေတ်အဆက်ဆက်လက်ဆင့်ကြမ်းတိုက်ပွဲဝင်လာသူ အမြောက်အများရှိကြောင်း၊ အချို့သည် အသက်နှင့်ခန္ဓာကို စွန့်လွှတ်ခဲ့ရပြီး အချို့မှာ ဘဝကို ပေးဆက်လိုက်ကြရကြောင်း၊ မိသားစု၊ ရာထူး စည်းစိမ်များကို စွန့်လွှတ်မြှုပ်နှံပေးဆက်ရသူများလည်းရှိကြောင်း၊ ယခုနွေဦးတော် လှန်ရေး၌ လည်း ဒီမိုကရေစီရေးအတွက် ပြည်သူလူထုအမြောက်အများက အဘက် ဘက်က ပေးဆပ် မြှုပ်နှံထား သူ များရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဟာ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြသူ အပေါင်းရဲ့ မျက်နှာ ကို ငဲ့ကွက်ပြီး စစ် အာဏာ ရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးမှာ မဖောက်မပြန် မြဲမြံတဲ့ သစ္စာနဲ့ ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ နွေဦးတော်လှန် ရေးကို ဒီမိုကရေစီရေးအတွက် ရင့်မှည့်သော တော်လှန်ရေး အဆင့် တစ်ခု အနေ နဲ့ ကြည့်မြင်ရပါလိမ့်မယ်။ ဒီနွေဦးတော်လှန်ရေးမှာလည်း လူထုနဲ့ လက်တွဲ မဖြုတ်ဘဲ လူထု တော်လှန်ရေး အောင်မြင် ပြီးမြောက်သည်အထိ ဆက်လက်ချီတက်မယ်လို့ ကတိပြုပါတယ်။”ဟု ယာယီ သမ္မတဒူဝါလရှီးလက ပြောကြားသည်။
နွေဦးတော်လှန်ရေးသည် လူထုအရေးတော်ပုံကာလအတွင်း ရောက်ရှိနေပြီး ရှစ်လေးလုံး အရေးလူထု အရေးတော်ပုံ၏ အဆက်ဟု နားလည်နိုင်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ လူထုအရေးတော်ပုံ သန္ဓေတည်ပေါက်ဖွားခဲ့ပြီး ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေး ကြီးရင့်မှု အဆင့် တဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ရှစ်လေးလုံး အရေးတော်ပုံ စိတ် ဓာတ်ကို ပြန်လည်သယ် ဆောင်ပြီး ဆက်လက်ဆွဲကိုင်ဖို့လိုကြောင်း ယာယီ သမ္မတ ဒူဝါလရှီးက ဆက်လက်ပြောကြားသည်။
ယခုနွေဦးတော်လှန်ရေးသည် ရှစ်လေးလုံး လူထုအရေးတော်ပုံမှ မွေးဖွား လာ သည့် တော်လှန်ရေး စိတ်ဓာတ်ကို ပြန်လည်ပွားယူဖို့လိုကြောင်း၊ ရှစ်လေးလုံး တော်လှန်ရေး စိတ်ဝိညာဉ်ကို တန်ဖိုးထား နှလုံးသွင်းကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက်ချိန်အထိ ဆက် လက်ချီ တက် ရမည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းထားသည်။
“နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ရှစ်လေးလုံး လူထုအရေး တော်ပုံ ဟာ နွေဦးတော်လှန်ရေးနဲ့ ဖြစ်စဉ်ကြီးတစ်ခုတည်းမှာ ရှိနေတဲ့ လူထု တော်လှန် ရေးဖြစ်ကြောင်း သတိချပ်မိဖို့ပဲ ဖြစ်ပါတယ် ။ ဒါ့အ ပြင် တိုင်းပြည် တစ်ခုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတိုင်းဟာ ဖြစ်စဉ်ဖြစ်တယ် / process ဖြစ်တယ် ဆို တာ ကို နားလည်သဘောပေါက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှား မှုတွေကို တစ်ပွဲထိုးစိတ်ဓာတ်နဲ့ ရှေ့ဆက်လို့ မရပါဘူး။ တော်လှန်ရေး ဖြစ်စဉ် ကြီးထဲမှာ တစ်ဆင့်ချင်းစီ အဆင့်အဆင့် ချိတ်ဆက် တက် လှမ်းရင်းနဲ့ တော်လှန် ရေး သက်လုံကို မြှင့်ပြီး အောင်ပွဲရသည်အထိ ကြိုးစားရမှာ ဖြစ် ကြောင်း ပြောကြား လိုပါ တယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ကြီးရင့်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း အောင် ပွဲရသည်အထိ တော်လှန် ရေးဝီရိယကို တစိုက်မတ်မတ် မြှင့်တင်မယ်လို့ ကတိပြုရင်း နိဂုံးချုပ်ပါတယ်။” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။