26 C
Yangon

ဖက်စစ် အာဏာရှင်မင်းအောင်လှိုင်ကို ICC မှာ အရေးယူနိုင်ဖို့အရေး လက်မှတ်ထိုး ကမ်ပိန်းပြုလုပ်နေ

Must read

ရန်ကုန်၊ မတ် ၁၄

အကြမ်းဖက် စစ်အာဏာရှင်မင်းအောင်လှိုင်ကို ICC မှာ အရေးယူနိုင်ဖို့အရေး လက်မှတ်ရေးထိုးကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ Blood Money Campaign ကဦးစီးဦးဆောင်ပြုပြီး တိုက်တွန်းနှိုးဆော်နေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)အနေနဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုများအပေါ် စာထုတ်တာတွေ အပြောနဲ့ စိုးရိမ်နေတာတွေ ကိုရပ်ပြီး တကယ် အရေးယူဖို့ တောင်းဆိုတဲ့ petition ဖြစ်တယ်လို့လည်း အဆိုပါ ကမ်ပိန်းကို ဦးဆောင်နေသူများက ဆိုပါတယ်။။

အာဏာသိမ်းကာလ ၁ နှစ်ကျော်အချိန်မှာ ကလေးငယ် ၁၀၀ ကျော်အပါအဝင် ပြည်သူ ၂,၀၀၀ ကျော်ဟာ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အပြစ်မဲ့ပြည်သူ ၁၂,၅၀၀ ကျော် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံနေရပြီး ပြည်သူ ၂,၀၀၀ နီးပါး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် အခုလို ကမ်ပိန်းကို လုပ်ရတာဖြစ်တယ်လို့ Blood Money Campaign ရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

၄င်းတို့အနေနဲ့ လူ့အခွင့်အရေး အပြင်းအထန် ကျူးလွန်ချိုး‌ဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် အောက်ဖော်ပြပါ တောင်းဆိုချက်များကို ပြည်သူလူထု ပါဝင်လက်မှတ်ရေးထိုးထားတဲ့ လတ်မှတ်အရေအတွက်နဲ့တကွ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHCRသို့ ပေးပို့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

◾️ ယုတ်မာရက်စက်သောရာဇဝတ်မှုများအတွက် ကုလသမဂ္ဂမှ အခွင့်အာဏာအပ်နှင်းထားသော တရားစီရင်ရေးကို တည်ထောင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် တရားမျှတမှု ရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ရန်၊
◾️ မြန်မာ့အရေး အခြေအနေများကို ICC သို့ ပို့နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်
◾️ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်စပ်လျဉ်း၍ ICC တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံခြင်းအားဖြင့် ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃) အရ မြန်မာအစိုးရ NUG မှ တင်သွင်းသော ကြေညာချက်ကို လက်ခံရေး ICC အား တောင်းဆိုရန်
◾️ ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆက်လက်အတည်ပြုထားသော NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရေး ပံ့ပိုးပေးရန်။

လက်မှတ်ရေးထိုးတာကို အနည်းဆုံး ၁သိန်းခွဲအထိ ရရှိဖို့ ရည်ရွယ်ထားသလို နောက်ဆုံးအချိန်အဖြစ်လည်း မတ် ၁၅ ရက် ည ၁၂ နာရီလို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။

လက်မှတ်ထိုးဖို့ ကြာချိန် – ၂ မိနစ်သာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးချင်တဲ့သူတွေအနေနဲ့ အောက်ဖော်ပြပါလင့်မှာ ဝင်ရောက်လက်မှတ်ရေးထိုး ပါဝင်နိုင်ပါတယ်။ သတိထားရမဲ့အချက်အနေနဲ့ လက်မှတ်ရေးထိုးဖို့ လုပ်ဆောင်နေချိန်မှာ VPN ပိတ်ထားရမှာဖြစ်ပြီး၊ လက်မှတ်ထိုးနေစဥ်အတွင်း error တက်ခဲ့ပါက browser ထဲမှဝင်ပြီး VPN ပိတ်ကာ လက်မှတ်ထိုး‌ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

https://chng.it/6L4DgmCf

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article