25 C
Yangon

လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့လယ်ခေါင်တွင် မီးတုတ်များ ကိုင်ဆောင်ကာ တော်လှန်လူငယ်များက အကြမ်းဖက်စစ်ကောင်စီ ချေမှုန်းရေး ဆန္ဒပြ

Must read

ရန်ကုန်၊ မတ် ၁၄

လျှပ်စစ်မီးပြတ်တောက်နေသည့် ရန်ကုန်မြို့လယ်ကောင်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး Yangon Revolution Force – YRF (Soft Strike Community)မှ ဦးဆောင်ကာ တော်လှန်လူငယ်များက ယနေ့ မတ်လ ၁၄ ရက် ညပိုင်းတွင် ချီတက်ဆန္ဒပြကြသည်။

မိမိိကိုယ်ကိုမီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောက်ပန်းတောင်းမြို့မှ ကိုအောင်အောင်၏ဓာတ်ပုံနှင့် ၄င်းရေးသားခဲ့သည့် ၂၄နာရီလုံးအများပြည်သူမီးလင်းပါစေ ၂၀၀၁+၂၀၀၂ ပြန်မသွားဟူသော စာတန်းများကိုင်ဆောင်ကာ ညံ့ဖျင်းသောစစ်အုပ်ချုပ်မှုစနစ်ကြောင့် တိုင်းပြည်အခြေအနေ ယိုယွင်းလာကာ မီးပေးဝေမှုစနစ် ပုံမှန်မလည်ပတ်နိုင်ခြင်းမရှိတော့သည်ကို မီးမောင်းထိုးပြသည့်အနေဖြင့် မီးတုတ်များကိုင်ဆောင်ကာ ဖက်ဆစ်စစ်အာဏာရှင်စနစ်အား အလိုမရှိကြောင်း ချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

Photo – AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article