လောင်းလုံးမြို့ပေါ်တွင် ရှစ်လေးလုံး အထိမ်းအမှတ်နေ့ အဖြစ် ကင်းလှည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၈
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်တွင် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ် ပြည့်အထိမ်း အမှတ် အဖြစ် ကင်းလှည့် စစ်ကား ၂ စီးကို မိုင်း ဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team- DDT တပ် ဖွဲ့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၇ နာရီခွဲခန့်က “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်အပြည့် အထိမ်းအမှတ် အဖြစ် လောင်းလုံးမြို့ပေါ် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူးရုံး အနီးလမ်းပေါ်တွင် “၈၈၈၈” စာ သားရေးပြီး ကားတာယာအဟောင်းများကို မီးရှို့နေစဉ် အကြမ်းဖက်စစ်ကား ၂ စီးဖြင့် ကင်းလှည့်လာ သော စစ်သားများကို သင့်စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dawei Defence Team – DDT တပ်ခွဲ ၃ နှင့် Guerilla Dawei တပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မစ်ရှင် ဖော်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယခုလုပ်ဆောင်မှုသည် မိမိတို့ ပူးပေါင်းတပ်ဖွဲ့များမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ၊ သပိတ် အဖွဲ့ အစည်းများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း၊ ယခုကာလသည် နှစ်ဖက် စစ်ရေးအရှိန်မြှင့် နေပါ သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများ၊ စစ်ဆင်ရေးနေရာများ နှင့် ဝေးရာနေရာများ၌ နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။