23 C
Yangon

မော်လိုက်တွင် ပျူစောထီး စစ်သင်တန်းစခန်းကို PDF ဝင်တိုက်မှု စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီး ၃ ဦး သေဆုံး၊ လက်နက် ၅ လက်နှင့်ကျည်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် ပျူစောထီး စစ်သင်တန်းစခန်းကို PDF ဝင်တိုက်မှု စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီး ၃ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ကျည်များ သိမ်းဆည်းရမိကြောင်း မော်လိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

People’s Defence Force – Kalewa ၊Mawlaik People’s Defence Force နှင့် မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၁၄ ရက်နေ့ ၊ နံနက် ၄ နာရီခွဲအချိန် မော်လိုက်မြို့နယ် ထော်သာကျေးရွာတွင် စစ်တပ်က ပျူစောထီးသင်တန်းပေးပြီး လူစုနေသည့် နေရာများကို အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခတ်ခဲ့ရာ ပျူစောထီး စစ်စခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်မှ ဗိုလ်တစ်ဦးနှင့် ပျူစောထီး ၃ ဦးတို့ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကာဘိုင်သေနတ် ၅ လက်၊ကာဘိုင်ကျည် ၈၅၀ တောင့် နှင့် ၅.၅၆ ကျည် ၃၉၀ တောင့် ၊A3 ဗုံးသီး ၂ လုံး ၊ဖုန်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ပျူစောထီးခေါင်းဆောင်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ပွဲအတွင်း PDF ဘက်မှ အထိအခိုက် ဒဏ်ရာ အကျအဆုံး လုံးဝမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- ပျူစောထီး စစ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article