28 C
Yangon

ချောင်းဦးတွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ချောင်းဦးတွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာ သော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တောင်သာ PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန် ချောင်းဦးမြို့မှ အရှေ့ဘက် ဂျပ်ဖာစက်ရုံသို့ ကင်းပုန်း ဝပ်ရန် အင်အား ၃၀ ခန့်ဖြင့် ထွက် လာသော စစ်ကြောင်းထဲမှ စစ်သား၁ ဦး ကို စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ထိမှန်ခဲ့ကြောင်း၊ ကျည်ထိမှန်သွားသော စစ်သားကို အခြားစစ် သားတစ်ဦးက လည်ကုတ်မှ ဆွဲကိုင်ပြီး ဒရွတ်တိုက်ဆွဲသွားကြောင်း၊ ယင်းနောက် အနီးရှိ တဲတစ်လုံးအတွင်းသို့ ဆွဲယူသွားကြောင်း သိရ သည်။

“နောက်ဆုံးတစ်ယောက်ရဲ့ ရှေ့ ၃ ယောက်မြောက်က တစ်ယောက်ကို ရွေးချယ်ပစ်ခဲ့တာ၊ စနိုက်ပါ စာမိတဲ့ တစ်ယောက်ကို တခြားတစ်ယောက်က လည်ကုတ်ကနေ ကိုင်ပြီး ဒရွက်တိုက်ဆွဲသွားတာ၊ ဘုရားအနီး မှာရှိတဲ့ ကင်းပုန်းဝပ်နေကြတဲ့ တဲထဲကို ဆွဲခေါ်သွားတာ၊ စနိုက်ပါမိတဲ့ အလောင်းကို တဲအတွင်းဆွဲယူပြီး တော့ ၅ မိနစ်လောက်အကြာမှာတော့ သေနတ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်နေတာ နာရီဝက်လောက် ကြာတယ်” ဟု တောင်သာ PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို အဖြစ် Delta Force Taungtha (တောင်သာ PDF) နှင့် မုန်တိုင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article