26 C
Yangon

ဒိုက်ဦးတွင် Mytel တာဝါတိုင် မိုင်းခွဲ ခံရပြီးနောက် စစ်တပ်က ယာဥ်တန်းဖြင့် လာရောက် စစ်ဆေးစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး မီးလောင်ပျက်စီး

Must read

ဒိုက်ဦးတွင် Mytel တာဝါတိုင် မိုင်းခွဲ ခံရပြီးနောက် စစ်တပ်က ယာဥ်တန်းဖြင့် လာရောက် စစ်ဆေးစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး မီးလောင်ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၃

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲ ခံရပြီးနောက် စစ်တပ်က ယာဥ်တန်းဖြင့် လာရောက် စစ်ဆေးစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း Soul Takers – Yangon Underground Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်တွင် ဝါဂါမဏိကျေးရွာရှိ မိုင်တဲတာဝါတိုင်ကို တော်လှန်ရေးအဖွဲ့များက မိုင်းဆင် ဖောက်ခွဲခဲ့ပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တာဝါတိုင် လာစစ်သည့် အကြမ်းဖက်စစ်သားများကို စောင့်ဆိုင်း၍ ၎င်းတို့၏ ယာဉ်တန်းကို ထပ်မံ ဖောက်ခွဲတိုက်ခိုက်ရာ ကား ၁ စီး မီးလောင်သွားကြောင်းသိရသည်။

“နောက်ဆက်တွဲ သိရတာက တောင်ပို့ကိုးလုံးနယ်ထိန်း သန်းဇော်ဦးဆိုတဲ့လူတော့ အရေးပေါ်ရောက်သွားတယ်တဲ့ သေဖို့များတယ်တဲ့။ ကျွန်တော်တို့က အဓိကက စစ်ခွေးယာဉ်တန်းကိုလုပ်ချင်တာပေါ့ ။ အဲ့ဒါကြောင့် တာဝါတိုင်ကို အရင်ခွဲပြီးစောင့်နေကြတာ။ ကားတစ်စီးမီးလောင်ပြီးတော့ အကျဆုံးတော့ရှိမှာ သေချာသလောက်ပဲခင်ဗျာ။ သူတို့ဘက်က အပစ်ခတ်တွေ ရှိတာမို့ အမြန်ပြန်ဆုတ်လာတာခင်ဗျာ။ ခုချိန်ထိ သူတို့ဘက်က ပစ်နေကြတုန်းပဲ” ဟု Soul Takers – Yangon Underground Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Soul Takers – Yangon Underground Force နှင့် 9 Stars UG အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျောက်မဲမြို့နယ်၊ဂုတ်တွင်းတွင် ယခုရက်ပိုင်းအတွင်း မိုင်းဆွဲခံထားရသော စစ်ကား။

ကျောက်မဲမြို့နယ်၊ဂုတ်တွင်းတွင် ယခုရက်ပိုင်းအတွင်း မိုင်းဆွဲခံထားရသော စစ်ကား။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article