26 C
Yangon

ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျပြီး လူဦးရေ ၄၀ နီးပါ ပျောက်ဆုံးနေ

Must read

ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျပြီး လူဦးရေ ၄၀ နီးပါ ပျောက်ဆုံးနေ

ရန်ကုန်၊ သြဂုတ် ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျပြီး လူဦးရေ ၄၀ နီးပါ ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျခဲ့ပြီး လူဦးရေ ၄၀ နီးပါ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

“ဖားကန့်မြို့ မနရွာအနီးက လက်ကျင်းလုပ်ကွက်မြေစာပြိုကျတယ်။ အခုအလောင်းတွေ​ေ ဖော်နေပါတယ်။ အသေ အပျောက် အားလုံးခန့်မှန်း ၄၀ ခန့်ရှိမယ်။ အလောင်းတော့ မတွေ့သေးဘူး။ ရှာနေတုန်း” ဟု ဒေသပြည်သူများကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article