38 C
Yangon

လားရှိုးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က အင်အား အများအပြား ဖြည့်တင်းနေ၊ ဝက်လက်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ငါးပတ်ချောင်းရွာကို မီးရှို့နေ

Must read

လားရှိုးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က အင်အား အများအပြား ဖြည့်တင်းနေ၊ ဝက်လက်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ငါးပတ်ချောင်းရွာကို မီးရှို့နေ

ရန်ကုန်၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ဟိုလောက်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် က အင်အားအများအပြား ဖြည့်တင်းနေကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စတင်ကာ အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ စကခ – ၁၆ ၊ ခလရ-၆၈၊ ရမခ/ခလရ – ၁၇ စုပေါင်းအင်အား ၆၀ ခန့်ရှိ အထိုင်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်း ထန်ခဲ့ရာ လားရှိုးမြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်သား စစ်ကူအများအပြားကို တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပို့ဆောင်ခဲ့သည့်အပြင် လေကြောင်းဖြင့်ပါ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် – TNLA တို့ တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်တပ်က ငါးပတ်ချောင်းကျေးရွာကို ဝင်ရောက်မီးရှို့နေကြောင်း ပြည် သူ့အစေခံတော် လှန်ရေး တပ်ဖွဲ့ – ဝက်လက်မြို့နယ်ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နံနက်ပိုင်းက ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်မှ သံကွန်မော်တော် တစ်စီး ဖြင့် စုန်ဆင်းလာပြီး နံနက် ၉ နာရီခန့်တွင် ရှိန်းမကား ဆိပ်ကမ်းသို့ ကပ်ကာ လက်နက်ခဲယမ်းများချပြီး ထပ်မံ၍ ရွာသာရွာ ကျေးရွာသို့ ဆန်တက်ကာ ၎င်းကျေးရွာမှ တဆင့် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်၌ အင် အား ၇၀ ခန့်ဖြင့် ငါးပတ်ချောင်းကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲအခြေအနေကတော့ အခုချိန်ပြောလို့မရသေးဘူးဗျ။ ခွေးတွေက ငါးပတ်ချောင်းရွာထဲဝင်ပြီး မီးတင်ရှို့နေတယ်၊ ငါးပတ်ချောင်းပြည်သူတွေကတော့ ပစ်ခတ်နေချိန်မှာ အကုန်ထွက်နိုင်တယ်ဗျ၊ ပေါက်ကံရွာမမှာတော့ စစ်ကြောင်းလဲမရှိ အလွတ်လာပြီး ဖိုက်တာနဲ့ ၅ ကြိမ် လာပစ်သွားတယ်ဗျ” ဟု ပြည် သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ – ဝက်လက်မြို့နယ်ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါအကြမ်းဖက်စစ်သားသည် ငါးပတ်ချောင်းကျေးရွာအတွင်း၌ ဝင်ရောက်တပ်စွဲကာ မီးရှို့နေသဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားလာနေထိုင်ကြပါ ပြည်သူ့ အစေခံ တော်လှန်ရေးတပ်ဖွဲ့- ဝက်လက်မြို့နယ်မှ ထုတ်ပြန်သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article