27 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျပ် နီးပါး ရောက်ရှိလာမှု စျေးကစားသူများ လက်ချက်ဟုဆိုကာ အရေးယူမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ခြိမ်းခြောက် ပြန်

Must read

အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျပ် နီးပါး ရောက်ရှိလာမှု စျေးကစားသူများ လက်ချက်ဟုဆိုကာ အရေးယူမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ခြိမ်းခြောက် ပြန်

ရန်ကုန်၊ ဩဂုတ် ၁၄

အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျပ် နီးပါး ရောက်ရှိလာမှုသည် နိုင်ငံခြား ငွေကြေးကို စျေးကစားသူများလက်ချက်ကြောင့်ဟု စစ်ကောင်စီဗဟိုဘဏ်က ပြောဆိုပြီး အရေးယူမည်ဟု ခြိမ်းခြောက်သည်။

နေပြည်တော် ဗဟိုဘဏ်တွင် ဩဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံခြားငွေကြေး ထိန်းသိမ်းကြပ်မတ်ရေး အစည်းအဝေး လုပ်စဉ် စစ်ကောင်စီဘက်က ထိုသို့ စွပ်စွဲပြောဆိုလာခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်ပငွေစာရင်းများ အပိတ်ခံရခြင်း၊ နှစ် သောင်း တန်အသစ် ထုတ်ဝေခြင်းများကြောင့် မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၆၅၀ ကျပ် ( ၃၇၀၀ ကျပ် နီးပါး) ရောက် ရှိလာကြောင်း၊ ယင်းသို့ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ကျပ်ငွေ တန်ဖိုးထိုးကျမှုကို စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးကစား သူများ၏ လက်ချက် ကြောင့်ဟု အပြစ်တင် လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေတန်ဖိုးမြင့်တက်နေမှုသည် စျေးကစားသူ များက ကောလာဟလ သတင်းအမျိုးမျိုးထုတ်လွှင့်၍ ငွေကြေး ကမောက်ကမ ဖြစ်စေရန် လှုံဆော်နေခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေကြေးများကို တရားမဝင် ဟွန်ဒီနည်းလမ်းများဖြင့် ငွေသားလက်သိပ်ထိုး ရောင်းသော နည်းလမ်း၊ နယ်စပ်ဒေသတွင် တရားမဝင် ရောင်းချမှုများကြောင့် နိုင်ငံခြားငွေ တန်ဖိုး တက်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲသည်။

နိုင်ငံခြားငွေတန်ဖိုး မြင့်တက်မှုကို ထိန်းသိမ်းရန် နိုင်ငံခြားငွေ၊ ရွှေစျေးကွက် အပြင် အိမ်ခြံမြေနှင့် ကားစျေးကွက်ကိုပါ ထိန်းသိမ်းအရောင်းအဝယ် ဆောင် ရွက် စေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေစျေးကစားသူများနှင့် လိုင်စင်မရှိဘဲ အွန်လိုင်းတွင် ရောင်းဝယ်သူများကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။

“စျေးကစားလို့ ဒေါ်လာတန်ဖိုးတက်တယ်၊ ရွှေစျေးတက်တယ် ဆိုတာကတော့ မဟုတ်ပါဘူး။ စျေးဘယ်လောက်ပဲ ကစား၊ ကစား ဝယ်လိုအား မရှိရင် မတက် ဘူး။ စျေးကွက်သဘောတရားအရ Demand နဲ့ Supply မှာ ဝယ်လိုအားကပဲ များနေတာ။ Supply က မရှိတော့ဘူး။ နှစ်သောင်းတန်ကြောင့် ငွေကြေး ဖောင်းပွ တာ၊ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဒေါ်လာ အရနည်းလာတာ၊ ပြည်ပငွေစာရင်း ဘဏ်အကောင့်တွေ အပိတ်ခံရတာ တွေကြောင့်ပါ။ ဗဟိုဘဏ် ကတော့ သူ့အပြစ်မဖြစ်အောင် သူများထိုးချပြီး အရေးယူဖို့ လုပ်မှာပေါ့။ ၂ နှစ်ရှိပြီလေ သူတို့ အရေးယူနေတာ။ ဒေါ်လာတန်ဖိုးကျသွားလား။ ကျပ်ငွေ တန်ဖိုးတက်လာလား။ ပြန်စဉ်းစားကြည့် ရင်သိပါတယ်” ဟု ရန်ကုန်ရွှေကုန် သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ဖြစ်လာချိန် ရွှေစျေးနှုန်းမှာလည်း ၃၇ သိန်းခွဲကျော်ရောက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article