30 C
Yangon

ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်၊ ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံး

Must read

ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်၊ ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပယ်သကြီးရွာနှင့် ထန်းကြီးရွာတွင် တပ်စွဲထားပြီး ပယ်သကြီးရွာသား အသက် ၃၀ အရွယ် မသန်စွမ်း အမျိုးသား ၁ ဦးကို သေနတ်နှင့် ဦးခေါင်းကို ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးမှာလည်း နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထန်းကြီးရွာသား ပြည်သူ ၂ ဦးကိုလည်း ပစ်သတ်ကာ စိတ်မနှံ့သည့် အမျိုးသမီး ၁ ဦးကိုလည်း သေနတ်ဒင်ဖြင့် ဦးခေါင်းကို ရိုက်နှိပ်ခဲ့​ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ပယ်သကြီးရွာက အသက် ၃၀ အရွယ် ပိုလီရိုသမားလေးကို ခေါင်းကို သေနတ်နဲ့ နားထင်တေ့ပစ်သွားတယ်။ နောက်တစ်ခါ အသက် ၅၀ အရွယ်အမျိုးသားဗျ သူကတော့ နှလုံးရပ်ပြီး သေသွားတယ်”ဟု Wetlet Informational Network မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article