29 C
Yangon

မုံရွာ၊ ဆားလင်းကြီးနှင့် ကလေးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်ကိုင်းရှိ မာလဲတောရွာမှ ပျူစောထီးများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

Must read

မုံရွာ၊ ဆားလင်းကြီးနှင့် ကလေးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်ကိုင်းရှိ မာလဲတောရွာမှ ပျူစောထီးများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ဆားလင်းကြီးနှင့် ကလေးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန် လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းအတွင်းသို့ ဗုံးသီး ၅ လုံးကိုလည်းကောင်း၊ နေ့လည် ၁၂ နာရီခန့်တွင် ကလေးမြို့အဝင် စစ်ဆေး ရေးဂိတ်ရှိ အကြမ်းဖက်စစ်သားများရှိရာ နေရာများသို့ ဗုံးသီး ၂ လုံးကိုလည်းကောင်း တိုက်ခိုက်ခဲ့ရာ ကလေးမြို့အဝင် စစ်ဆေးတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ Drone Gun ဖြင့် ပြန်လည် ပစ်ချ တိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စီးပျက်ကျ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ပေါ်ရှိ စီးပွားရေးတက္ကသိုလ်ကျောင်းအတွင်းရှိ အကြမ်းဖက် စစ်သားများ အထိုင်ချရာနေရာအား ဗုံးသီး ၁ လုံး၊ အဆိုပါကျောင်းရှေ့ရှိ ရေကျော်ဂိတ်စခန်းအား ဗုံးသီး ၁ လုံး၊ စီးပွားရေးတက္ကသိုလ်ကျောင်းအတွင်းရှိ လက်နက်ကြီး ပစ်ကွင်းနေရာအား ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်း၍ အချက်ပေါင်းများစွာ ပြန် လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် ညနေ ၆ နာရီခန့်က မုံရွာမြို့ပေါ်ရှိ အမှတ် ၂ ရဲစခန်းအတွင်း ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူများကို လုံခြုံရေးအပြည့်ယူ၍ သင်္ဂြိုလ်နေသည်ဟု စုံစမ်းသိရသော်လည်း အရေအတွက် အတိ အကျ မသိရသေးဟု ဆိုသညါ။

အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်း ပညာတပ်ဖွဲ့၏ Team(4)SSTF၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ တပ်ခွဲ ၄ ၊ မုံရွာ၊ ပကဖ၊ wings Of Kalay – ကလေး၊ ကျောက်လုံးကြီး KLG တပ်မဟာ ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာ တော်၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ် ၄ – MSPDF ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့ ၊ ဒေါနစစ် ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေး နှင့် ဒေသကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတော(ပျူ)ရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် လက်ကိုင် တုတ်ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မာလဲတော့(ပျူ)ရွာမှ ပျူစောထီး ၁၀ ဦးသည် စစ်ကိုင်း-ရွှေဘိုလမ်းပေါ်သို့ ထွက်ပြီး ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်ရန် ထွက်လာ ကြောင်း သတင်းအရ ဒရုန်းဖြင့် သွားဗုံးသီး ၇ လုံးသွားရောက်ကျဲချတိုက်ခိုက်ခဲ့ရာ မာလဲတော(ပျူ)ရွာထဲ သို့ ပြန်ပြေးဝင်သွားကြောင်း၊ ထိခိုက်သေဆုံးမှုအရေအတွက် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

“ပျူတွေ လမ်းပေါ်ထွက်လာတယ် သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ၊ စုစုပေါင်း ဗုံးသီး ၇ လုံး အသုံးပြုခဲ့ပါတယ်၊ ရွာထဲဝင်သွားတယ် သတင်းရလို့ ရွာထဲအထိပါ လိုက်ချခဲ့တာ၊ ရွာထဲရောက်တော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျတော့ မသိရသေး ဘူး၊ သူတို့ချည်းဆို ရွာထဲကနေ မထွက်ရဲတော့ပါဘူး၊ ခွေးစစ် ကြောင်း အင်အားဖြည့်မှ ထွက်ရဲတော့ တာပါ၊ “ ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယူနီးကွန်းပြောက်ကျားတပ်ဖွဲ့- Unicorn Guerilla Force ၊ Royal Falcon ၊ Phoenix (SGG) ၊ Fight For Federal ၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့မှ စစ်ကိုင်း ခရိုင် ပကဖ ထုတ် ဗုံးသီးများဖြင့် အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article