31 C
Yangon

ခင်ဦး တမုတ်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ဘုန်းကြီးကျောင်းပါ မကျန် မီးဝင်ရှို့နေ

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ တမုတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ပြည်သူပိုင် နေအိမ်များနှင့် ဘုန်ကြီးကျောင်းပါ မကျန် မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ခင်ဦးမြို့ပေါ်၌ အထိုင်ချ တပ်စွဲထားပြီး ယနေ့ မွန်းလွဲ ၃နာရီခန့်က စတင်ကာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ည ၈နာရီခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

” ဒီနေ့ နေ့လည် ၃နာရီလောက်က စပြီး ရွာထဲကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်တာ အခုညပိုင်းမှာတော့ ရွာထဲမှာရှိတဲ့ ပြည်သူပိုင် နေအိမ်တွေ ဘုန်းကြီးကျောင်းပါ မကျန် အကုန်လုံးကို မီးရှို့ဖျက်ဆီးနေတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ ရွာထဲမှာ ပိတ်မိနေတာတွေလည်း ရှိတယ်” ဟု ခင်ဦးသတင်းမှန် ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသေးကြောင့် ဖြစ်စဉ် အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ခင်ဦးသတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article