25 C
Yangon

ကလေးထောင်တွင် အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦးကို လွတ်မြောက်ရန်ကြိုးစား၍ ပစ်သတ်လိုက်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်၊ အကျဉ်း သားနှင့်ထောင်ပိုင်များ စကားများကြရာမှ ပစ်သတ်မှုများ ဖြစ်ဟုဆို

Must read

ရန်ကုန်၊ မတ် ၁၅

ကလေးအကျဉ်းထောင်တွင် အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦးကို လွတ် မြောက်ရန် ကြိုးစား၍ ပစ်သတ်လိုက်သည်ဟု စစ်တပ်ဘက်က ယနေ့ ညသတင်းထုတ်ပြန်သည်။

အချုပ်သား ဗန်ဒိန်း၊ အကျဉ်းသား မျိုးမင်းထွန်း၊ အချုပ်သား ဝင်းကိုနိုင်၊ အချုပ်သား မောင်ညီ၊ အချုပ်သား ချမ်းမင်းကို၊ အချုပ်သား တူးခိုင်၊ အချုပ်သား ညွှန့်ဝင်းအောင်(ခ) မျိုးဝင်းအောင်တို့ကို လွတ်မြောက်ရန် ကြိုးစား၍ ပစ်သတ်လိုက်သည်ဟု စစ်တပ်က သတင်းထုတ်ပြန်သည်။

စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် အချုပ်သား ဗန်ဒိန်း ဦးဆောင်သော အင်အား ၅၀ ခန့်က အကျဉ်းထောင်အာဏာပိုင်များကို ဓားစာခံပြုလုပ်၍ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားသဖြင့် ပစ်သတ်ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များကမူ ဖမ်းဆီးခံထားရသူများသည် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ပြီး ထောင်အာဏာပိုင်များ၏ ဆက်ဆံရေး မပြေမလည်ဖြစ်ရာမှ စစ်တပ်က ဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ ပစ်ခတ်ခံထားရသူများရှိပြီး အနည်းဆုံး သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၃၀ နီးပါးရှိနိုင်ကြောင်း၊ လက်ရှိ အကျဉ်းထောင်တွင် စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုများ လုပ်ဆောင်နေကြောင်း ၊ ပစ်သတ်ခံထားရသူ များသည် ဖမ်းဆီးခံထားရသော PDF များဖြစ်ကြောင်း၊ စစ်တပ်၏ သတင်းထုတ်ပြန်မှုသည် လိမ်လည်မှုများဖြင့် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြော ဆိုသည်။

စစ်တပ်၏ ထုတ်ပြန်သော ဓာတ်ပုံများတွင် ပစ်ခတ်သတ်ဖြတ်ခံရသော အကျဉ်း သားတချို့မှာ ဦးခေါင်းများကို ချိန်ရွယ်၍ ပစ်သတ်ခံရထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article