27 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၃၉၀၀- ၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေ သူများနှင့် သတင်းတင်သူများကို ကုန်စျေးနှုန်းကြီးမြင့်စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ပြန်

Must read

အမေရိကန်တစ်ဒေါ်လာ ၃၉၀၀- ၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေ သူများနှင့် သတင်းတင်သူများကို ကုန်စျေးနှုန်းကြီးမြင့်စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ပြန်

■ စီးပွားရေးသမားနှင့်ကုန်သည်များ ပြင်ပဒေါ်လာပေါက်စျေးနှုန်းကို လက်မခံ ကြရန် စစ်တပ်က ဖိအားပေး

ရန်ကုန်၊ ဩဂုတ် ၂၀

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာ ၃၉၀၀- ၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေသူများနှင့် သတင်းတင်သူများကို ကုန်စျေးနှုန်း ကြီးမြင့် စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီဗဟိုဘဏ်နှင့် UMFCCI အပါအဝင် စီးပွားရေးသမားများ တွေ့ဆုံပွဲတွင် စစ်ကောင်စီဘက်က ထိုသို့ ထုတ်ဖော်ပြောဆို ခြိမ်းခြောက်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ပ စျေးကွက်တွင် ဒေါ်လာ အရောင်း အဝယ် မလုပ်ကြရန်၊ ပြင်စျေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်း အပေါ်မူတည်၍ ကုန်စျေးနှုန်း၊ ဒေါ်လာစျေးနှုန်းတက်အောင် လုပ်ဆောင် နေမှုများ ကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ပြင်ပ တရားမဝင် စျေးကွက်၏ ပေါက်စျေးနှုန်းများကို မလိုက်ပါကြရန်နှင့် တရားမဝင် ငွေလဲနှုန်းကို လက်မခံကြရန် တိုက်တွန်း ကြောင်း၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီများနှင့် စီးပွားရေး သမားများ၏ ငွေစာရင်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်။

“တစ်ဒေါ်လာကို ၃၉၀၀-၄၀၀၀ ပေါက်စျေးနှုန်းတွေနဲ့ လူမှုကွန်ရက်မှာ ကြေညာတာတွေ၊ အဲဒီနှုန်းနဲ့တွက်ချက်ပြီး ကုန်စျေးနှုန်းတက်အောင် လုပ်သူ တွေ အရေးယူမယ်။ Facebook ကနေ ငွေလဲနှုန်းနဲ့ပတ်သက်တဲ့ သတင်း အမှား တွေ ဖြန့်ရင် ရှယ်ရင် အရေးယူမယ်ဆိုတာမျိုးတွေ ပြောတယ်။ နောက်ပြီး ဒေါ်လာ၊ဘတ်၊ ယူရိုကို အရွက် မကိုင်ရဘူး။ အရွက် အရောင်းအဝယ် မလုပ်ရဘူး။ အဲဒါတွေကို လိုက်နာရမယ်။ မလိုက်နာရင် အရေးယူမယ်ပေါ့။ အဓိက စျေးနှုန်းတက်တာ ဒေါ်လာ နဲ့ ရွှေဈေး တက်တာ လုပ်ငန်းရှင် တွေ မရိုးသားလို့ဆိုပြီး‌ ခေါ်ကြိမ်းတာပါ” ဟု ရန်ကုန်စီးပွားရေးသမားက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ရည်ညွှန်းငွေလဲစျေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားပြီး အရောင်းအဝယ်များကို အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article