24 C
Yangon

နိုင်ငံအရန်ဆန်ဟုဆိုပြီး စစ်တပ်အတွက် ဆန်အိတ်သိန်း ၃၀ ကျော် စစ်ကောင်စီ စုဆောင်း၊ နိုင်ငံတစ်ဝန်း ထောက်ပို့တပ်များတွင် ဆန်အိတ်များ စုနေ

Must read

ရန်ကုန်၊ မတ် ၁၆

အကြမ်းဖက်စစ်ကောင်စီက စစ်တပ်အတွက် ဆန်ရိက္ခာများ စုဆောင်းနေပြီး ယခုနှစ်ကုန်အထိ ဆန်အိတ် ၃၀ သိန်းကျော် စုဆောင်းနေကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“စစ်ကောင်စီ အတွက် စစ်တပ်ရိက္ခာဆန် ကို ဆန်းစပါးအသင်းချုပ်က ဉီးဆောင်ပြီး လာမယ့် မေလအထိ ဆန်အိတ်ရေ ၈ သိန်းကျော် ပို့ပေးနေရတယ်။ ထောက်ပို့ရေးတပ် ၃၂၃ မင်္ဂလာဒုံတပ် ထဲကို နေ့တိုင်းဆန်ကား အမြောက်အမြား ဝင်ထွက်သွားလာနေပါတယ်။ စစ်တပ်က ဆန်စုတယ်။ နိုင်ငံတော်အရန်ဆန်လို့ ခေါင်းစဉ် တပ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ထောက်ပို့တပ်တွေထဲမှာ ဆန်စုနေတယ်” ဟု ထောက်ပို့တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက ပြည်ပဆန်တင်ပို့သော ကုမ္ပဏီများ ထံမှ ဆန်အိတ်များကို တောင်းယူခြင်းဖြစ်ပြီး ဆန် ၁ တန် ပြည်ပတင်ပို့လျှင် ဆန် ၁ အိတ် စစ်တပ်ကို အလကားပေးရကြောင်း၊ စာရင်းဇယားများအရ ဆန်တန်ချိန် ၁၀ သိန်းကျော် ပေးပို့ခဲ့သဖြင့် ဆန်အိတ် ၁၀ သိန်းကျော် စစ်တပ်က တောင်းယူကြောင်း၊ နှစ်ကုန်ပိုင်းအထိ ဆန်အိတ်သိန်း ၃၀ ကျော်စုဆောင်းမည်ဖြစ်ကြောင်း သိရှိရသည်။

“အရင်တုန်းက နိုင်ငံတော်အရန်ဆန်ဆိုရင် စီးပွားကူးသန်း ဂိုဒေါင်တွေမှာ သိုလှောင်တာ။ အခုက တော့ အရန်ဆန်လို့ ခေါင်းစဉ်တပ်ပြီး ထောက်ပို့တပ်တွေထဲ အကုန်ထည့်တာ။ စစ်တပ်အတွက် ရိက္ခာကြိုစုနေတာပေါ့” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ဆန်အိတ်စုဆောင်းသော တပ်များမှာ ရန်ကုန်တွင် ထောက်ပို့တပ် – ထပရ ၃၂၃ ၊ပုသိမ် တွင် ထောက်ပို့တပ်- ထပရ ၄၂၄၊ ပြည် ၊ မန္တလေး ၊ မိတ္ထီလာရှိ ထောက်ပို့တပ်များတွင်လည်း ဆန်များ အကြီး အကျယ် စုဆောင်း နေကြောင်း သိရှိရသည်။

စစ်ကောင်စီထံသို့ ဆန်ပေးသွင်းနေသော ကုမ္ပဏီ ၃၀ မှာ-

(၁) SHWE WAH YAUNG AGRICULTURE PRODUCTION CO.,LTD

(၂) AYEYAR HINTHAR TRADING CO.,LTD

(၃) MIN HLA AGRICULTURAL PRODUCTS TRADING SPECIAL RICE PADDY CO.,LTD

(၄) INTERNATIONAL GREEN LAND TRADING CO.,LTD

(၅) THAMADI FAMILY TRADING CO.,LTD

(၆) GOOD BROTHER’S CO.,LTD

(၇) BHOME YAUNG CHI CO., LTD

(၈) PAUNGDE SHWE MYAY CO.,LTD

(၉) SHAN STATE(NORTHERN) RICE AND PADDY DEVELOPMENT PUBLIC CO., LTD

(၁၀) WILMAR MYANMAR RICE LAND LIMITED.

(၁၁) AUNG NAING THITSAR CO.,LTD

(၁၂) GOLDEN COMPOSURE CO.,LTD

(၁၃) MYANMAR AGRIBUSINESS PUBLIC CO.,LTD (MAPCO)

(၁၄) SHWE WAH NADI AGRICULTURE PRODUCTION CO.,LTD

(၁၅) HEYDAY ENERGY TRADING CO.,LTD

(၁၆) SHWE MA NAW MYAY TRADING CO.,LTD

(၁၇) NANOLAND CO.,LTD

(၁၈) HEYDAY AGRICULTURAL TRADING CO.,LTD

(၁၉) GOLDEN CIRCLE CO.,LTD

(၂၀) WAKHEMA TRADING CO.,LTD

(၂၁) SHWE KHEWADE CO.,LTD

(၂၂) MYAT MYITTAR MON AGRICULTURAL CO.,LTD

(၂၃) FIRST RICE & PADDY TRADING CO.,LTD

(၂၄) LAN THIT AUNG TRADING CO.,LTD

(၂၅) ANANDA STEEL CO.,LTD

(၂၆) SHU SAN INDUSTRY CO.,LTD

(၂၇) GREEN INDO MYANMAR CO., LTD

(၂၈) PAHTAMA GROUP CO.,LTD

(၂၉) ROYAL DRAGON ALLIANCE TRADING CO.,LTD

(၃၀) GOLD DELTA CO.,LTD တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်အတွက် ဆန်စုဆောင်းရေးကို မြန်မာဆန်စပါးအသင်းချုပ်က ဦးဆောင်လုပ်နေခြင်းဖြစ်ပြီး ဆန်စပါး အရည်အသွေး စစ်ဆေးရေးအဖြစ် MITS က လုပ်ဆောင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ထောက်ပို့ရေးတပ်တွင် စုဆောင်းနေသော ဆန်အိတ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article