30 C
Yangon

ကနီမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကနီမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးမှူးရုံး၊ ရဲစခန်းအပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၇ ရက်ညနေ ၅ နာရီခွဲခန့်တွင် ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာသို့ စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို Shar Htoo Waw နည်းပညာ မောင်းသူမဲ့လေယာဉ် ငယ်ကို အသုံးပြုပြီး 1kg ဗုံးသီး ၃ လုံးကိုလည်းကောင်း၊ ဩဂုတ်လ ၁၈ ရက် နေ့လည် ၁၁ နာရီခွဲခန့်တွင် ယင်းအကြမ်းဖက်စစ်ကြောင်းကို ဗုံးသီး ၃ လုံးနှင့် ဩဂုတ်လ ၁၉ ရက် နေ့လည် ၁၁ နာရီခန့်တွင် ကနီမြို့ နယ် ၊နွားခြံကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားချိန် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“နွားခြံကုန်းမှာက ဒရုန်းရော မြေပြင်ရော ပူးတွဲတိုက်ခဲ့တာဆိုတော့ ခွေးသေထိခိုက်မှုရှိတယ်ဗျ၊ တော်တော်သေတယ်၊ဒရုန်းကြောင့်လား၊ တိုက်ပွဲကြောင့်လားတော့ မသိဘူး၊ ကျန်တဲ့ထွေအုပ်ရုံး၊ ရဲစခန်း၊ ပျူရွာတွေက စုံစမ်းဆဲပဲမသိရသေးဘူး” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ဩဂုတ်လ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကနီမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲ စခန်းပေါ်သို့ Shar Htoo Waw နည်းပညာ မောင်သူ့မဲ့လေယာဉ်ကို အသုံးပြုပီး 1Kg ဗုံးသီး ၃ လုံး၊ ဩ ဂုတ်လ ၂၀ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်နှင့် နံနက် ၁၀ နာရီခန့်တွင် ကနီမြို့နယ်အထွေထွေ အုပ် ချုပ်ရေးမှူးရုံးပေါ်သို့ ဗုံးသီး ၁ လုံး၊ ရေလယ်ကျွန်း(ပျူ)သို့ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို (KLG စစ်ကြောင်း ULF) ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊တပ်ရင်း ၂၃ (KLG PDF ကျောက်လုံးကြီးအဖွဲ့)နှင့် Salingyi Special Task Force_SSTF တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီးယခုကဲ့သို့ အကြမ်းဖက်စစ်သားများ ရှိရာပေါ် ဒရုန်းဖြင့် ဗုံးသီး ကျဲချတိုက်ခိုက်နိင်ရန် မိဘပြည်သူများမှ ဗုံးသီး တစ်လုံးဖိုးကအစ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန်ကျောက်လုံးကြီး KLG PDF က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article