Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းမှာ ဒေါ်လာကိုင်ဆောင်သူတွေကို အရေးယူမယ်လို့ ကြေညာနေတဲ့ အချိန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးဘဏ်မှာ အမေရိကန်ဒေါ်လာတွေ အလွယ်တကူ အပ်နှံ သိမ်းဆည်း နိုင်တယ်လို့ နွေဦးဘဏ်က တရားဝင် အသိပေး ကြေညာလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး သေသွားတဲ့အပြင် ၊ တပ်စိပ်မှု ထွန်းဝင်းဆိုသူကိုပါ ခဲယမ်းတချို့နဲ့ အရှင်ဖမ်းမိခဲ့တယ်လို့ Union Liberation Front တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်ဘက်က ရဲ ၂ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်လာခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။