36 C
Yangon

ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ စစ်တပ်၏ ကပစ ၂၃ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ စစ်တပ်၏ ကပစ ၂၃ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၂

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ အကြမ်းဖက်စစ်တပ်၏ ကပစ ၂၃ စခန်းကုန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းယောကာကွယ်ရေးတပ်- YDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ် အရှေ့ပိုင်း ကျောမြို့အခြေစိုက် ကပစ ၂၃ ၏ စစ်ရေးဗျူဟာအရ အချက်အချာကျသော ရန်သူ့စိုးမိုးကုန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးမျက်သေဆုံးကာ MA-3 ၂ လက်၊ ကျည် ဘောက် ၁၃ ခု ၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၄ လုံးနှင့် Power Bank ၂ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကပစထဲမှာ တိုက်ပွဲဖြစ်တာ၊ အလစ်အငိုက်ချောင်းတိုက်ခံရတာတဲ့၊ စစ်သားတွေ သေတယ်၊ လေး ယောက်သေ တယ်လို့တော့ ကြားတယ်၊ အတိအကျတော့မသိဘူး၊ ဒီနေ့မနက်အထိ အနောက်ဘက်ကို လှည့်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အသွားအလာတွေ လည်း ပိတ်ပစ်လိုက်တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် တပ်ကြပ်ကြီး သီဟအောင်ပါဝင်ပြီး ယင်းစခန်း၌ ဗိုလ်ကြီး ၂ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦး စခန်းချနေထိုင်ကြောင်း သိမ်း ဆည်း ရမိသည့် ဖုန်းထဲမှ တွေ့ရှိရသော အချက်အလက်များအရ သိရှိရခြင်းဖြစ်ကြောင်း YDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“မျက်မြင်သေတာ ၃ ကောင်ဗျ၊ ထွက်ပြေးကြတာဗျ၊ ထွက်ပြေးတဲ့သူတွေလည်း မြင်လိုက်ရတယ်၊ အ လောင်းပုံတွေက ပုံသေချာမရိုက်ခဲ့ရဘူးဗျ၊ ကပစတပ်ရဲ့အနောက်ဘက်မှာရှိတဲ့ စိုးမိုးတောင်ကုန်း တစ်ခု ကို ဝင်သိမ်းခဲ့တာဗျ၊ ရန်သူ့စခန်းနဲ့ တအားနီးနေတာရယ်၊ လက်နက်ကြီးနဲ့ ထုနေတာရယ် ကြောင့် စခန်း တော့ မီးမရှို့ခဲ့ရဘူးဗျ” ဟု ယောဒေသကာကွယ် ရေး တပ်ဖွဲ့ – YDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယောကာကွယ်ရေးတပ် (YDF) ယောနက စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article