32 C
Yangon

အကြမ်းဖက် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးသူ လူပုဂ္ဂိုလ် ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူ

Must read

အကြမ်းဖက် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးသူ လူပုဂ္ဂိုလ် ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူ

ရန်ကုန်၊ ဩဂုတ် ၂၄

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူ လူပုဂ္ဂိုလ် ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အမေရိကန်ပြည်ထောင်စု စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီက မြန်မာပြည်သူများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ သတ်ဖြတ်မှု များ လုပ်ဆောင်နေကြောင်း၊ ယင်းသို့ သတ်ဖြတ်နိုင်ရန် လေယာဉ်ဆီ တင်သွင်း ပေးသူများဖြစ်သည့် Asia Sun ကုမ္ပဏီပိုင်ရှင် ဇော်မင်းထွန်း။ SHOON ENERGY ကုမ္ပဏီပိုင်ရှင် ခင်ဖြူဝင်းတို့ကို ပိတ်ဆို့အရေးယူကြောင်း ၊ ထို့ပြင် လေယာဉ်ဆီ တင်သွင်းပေးမှုတွင် ပတ်သက်နေသည့် ခင်ဖြူဝင်း ပိုင်ဆိုင်သော စင်ကာပူအခြေစိုက် P.E.I ENERGY PTE. LTD ( PUMA ENERGY BENGALE GULF PTE. LTD ခေါ် PUMA ENERGY IRRAWADDY PTE. LTD. ခေါ် PUMA ENERGY MYANMAR PTE. LTD.)၊ PEIA PTE. LTD. ( PUMA ENERGY IRRAWADDY AVIATION PTE. LTD.)၊ SHOON ENERGY PTE. LTD ( ASIA SUN AVIATION PTE. LTD.)တို့ကိုလည်း အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ပြည်သူများကို သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့်တင် သတ်ဖြတ်နေသည့် အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများကို ဆက်တိုက် ချမှတ်လျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် လေတပ်ဦးစီးချုပ် ထွန်းအောင်။

အကြမ်းဖက် မင်းအောင်လှိုင်နှင့် လေတပ်ဦးစီးချုပ် ထွန်းအောင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article