29 C
Yangon

ဒေါ်အောင်ဆန်းစုကြည် နှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံး မကျဟု လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သော အဆိုတော် ဗျူဟာကို စစ်တပ်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်မှု အငြိုးကြီးမှုကို ပြသဟု ဆို

Must read

ဒေါ်အောင်ဆန်းစုကြည် နှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံး မကျဟု လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သော အဆိုတော် ဗျူဟာကို စစ်တပ်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်မှု အငြိုးကြီးမှုကို ပြသဟု ဆို

ရန်ကုန်၊ဩဂုတ် ၂၄

ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက်သည့် အပြင် မီတာခလျှော့ပေးခဲ့မှုနှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံးမကျဟု လူမှုကွန်ရက်တွင် ဗီဒီယို လွှင့်တင် ပြောဆိုသော အဆိုတော် ဗျူဟာကို စစ်တပ် က ယမန်နေ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်မှုသည် တရားဥပဒေကို လိုသလို သုံး၍ အငြိုးတကြီး ပြစ်ဒဏ်ပေးမှုဟု ရှေ့နေတချို့က ဝေဖန် ပြောဆိုသည်။

ရန်ကုန်မြို့တွင် နေထိုင်သော တေးရေးဆရာ နိုင်မြန်မာ၏ သားဖြစ်သူ အဆို တော် ဗျူဟာက မေလ ၂၃ ရက်နေ့တွင် မီးမမှန်၍ ပြည်သူများ ဒုက္ခရောက် နေရသည့်ကိစ္စကို သူ၏ ဖေ့ဘုတ်စ် လူမှုကွန်ရက်မှ Live လွှင့်ပြောပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် တရားဝင် ရေးသားဖော် ပြခဲ့သည်။

“ငါ့ မိန်းမလေးနေမကောင်းဖြစ်နေတာပဲ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ် ဆိုပြီး… အခုတော့ နှစ် 20 ​တဲ့လား ဘာများလုပ်မိလို့ပါလဲ” ဟု အဆိုတော် ဗျူဟာ ၏ ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုတော် ဗျူဟာက မီးမှန်အောင် မပေးနိုင်သည့် မင်းအောင်လှိုင်၏ စောက် သုံး မကျပုံကို လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်းဖြစ်သည်။

“အဘွားကြီးက ၅ နှစ်ပဲ အုပ်ချုပ်သွားတယ်။ အဘွားကြီးလက်ထက်မှာ ငါတို့ မီးကို ၅ နှစ် မှန်တဲ့အပြင် မီတာခတောင် လျှော့ပေးလိုက်သေးတယ်။ မင်းတို့ အဲဒီအဘွားကြီးရဲ့ ထမိန်ပဲ ခေါင်းပေါ် စွပ်ထားလိုက်ဦး၊ အဲဒီအဘွားကြီးရဲ့ ခြေရာပဲ လိုက်နင်းဦး။ မင်းတို့စောက်ရှက်မရှိဘူး။ စောက်အရည်အချင်းမရှိတာ။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်က ဂြိုလ်ကျိုးနားရွက်ပဲ့ပဲ။ ငါလို စောက်ရူးကို မင်းတို့ဒီတိုင်းပြည်မှာ ရှင်ဘုရင် လုပ်ပါဆိုပြီး အုပ်ချုပ်ခိုင်းရင် တောင် ဒီတိုင်းပြည်ကလူတွေ မီးမှန်နေရမယ်ကွာ ငါကတိပေးတယ်” ဟု အဆိုတော်ဗျူဟာက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုခဲ့သည်။

ရန်ကုန်မြို့အခြေစိုက် တရားလွှတ်တော် ရှေ့နေတစ်ဦးကမူ မီးမမှန်၍ ဝေဖန်မှု သည် သာမန် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ သာ မြောက်နိုင်ပြီး ထောင် ဒဏ် နှစ် ၂၀ ချမှတ်သည်အထိ ပြင်းထန်သော ပုဒ်မများဖြင့် တရားစွဲ ဆိုမှုမှာ အငြိုးတကြီးဖြင့် တရားဥပဒေကို တလွဲအသုံးချမှုအဖြစ် သုံးသပ် ပြောဆိုသည်။

“မီးမမှန်လို့ မမှန်ဘူးပြောတာက ပြစ်မှု မဟုတ်ဘူး။ ကြံဖန် တရားစွဲရင်တောင် ပုဒ်မ ၅၀၅ လောက်ပဲ။ အလွန် ဆုံးချ ထောင်ဒဏ် ၃ နှစ်ပေါ့။ အခုတော့ ထောင် ဒဏ် နှစ် ၂၀ ဆိုတော့ ပုဒ်မ ၁၂၄ (က) တို့ အီလက်ထရောနစ် ဥပဒေတို့ အသုံးပြု ပြီး ထောင်ဒဏ် ပြင်းပြင်းထန်ထန်ချတာပဲ။ တရားဥပဒေကို လိုသလို သုံးပြီး အငြိုးတကြီးနဲ့ကို လုပ်တာဗျ။ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံး တဲ့ လက္ခဏာပဲ” ဟု ရန်ကုန် တရား လွှတ် တော်ရှေ့နေက ပြောဆိုသည်။

တေးသံရှင် ဗျူဟာသည် ဟစ်ဟော့အဆိုတော်ဖြစ်ပြီး နာမည်ကြီး တေးရေး ဆရာ နိုင်မြန်မာ၏ သားလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article