27 C
Yangon

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ဘာကို စောင့်ဆိုင်းနေသလဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်

Must read

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ဘာကို စောင့်ဆိုင်းနေသလဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်

ရန်ကုန်၊ ဩဂုတ် ၂၅

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ဘာကို စောင့်ဆိုင်းနေသလဲဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်သည်။

ဩဂုတ်လ ၂၃ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ အရေး ကိစ္စ နှင့်စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေး (Closed Meeting) အပြီး ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏သတင်းစာရှင်းလင်းပွဲတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံ ကိုယ်စား ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီ၏ ပူးတွဲကြေညာချက် (Joint Statement) ကို ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုသည်။

မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန် မိမိတို့အားလုံးအတွက် အချိန် က အထူးအရေးကြီးသည်ကို အလေးထားပြောကြားလိုကြောင်း လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက်အဆို 2669 (2022) အား အတည် ပြုချမှတ်ပြီးသည့်တိုင် စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်း ကြုတ်မှု များကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ အာဏာသိမ်းချိန်မှ ယနေ့အထိ စစ်တပ်က သတ်ဖြတ်ခဲ့သူ ၂,၆၃၉ ဦးရှိကြောင်း၊ ဝမ်းနည်းဖွယ် ကောင်းသည်မှာ အတည်ပြု၍ရသည့် မှတ်တမ်းများအရ ယနေ့အထိ စုစုပေါင်း (၄,၀၀၀) ဦး သတ်ဖြတ်ခြင်းခံရပြီးဖြစ်ကြောင်း၊ ဤသည်မှာ လွန်ခဲ့သည့် ၈ လ အတွင်းမှာပင် လူအယောက် (၁,၃၀၀) ကျော် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် မတရားစစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှု (၁၄၄) ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး လူအယောက် ၁,၅၉၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အတွင်း ယခုအချိန်အထိ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၄၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလအတွင်း၌ စစ်ကိုင်း တိုင်းဒေသကြီး ပဇီကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ အကြီးမားဆုံး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ကြောင်း၊ လူနေအိမ် ၇၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီး စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လူဦးရေ ၂ သန်းမှာ နေရပ်စွန့်ခွာသူများ ဖြစ်နေကြရပြီး ၁၈ သန်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိကြောင်း သံအမတ် ကြီးက ရှင်းပြသည်။

စစ်တပ်အနေဖြင့် ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ ပြည်သူများနေထိုင်ရာ နေရာဒေသများသို့ လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများကို မဆင်မခြင်နှင့် အလွန်အမင်း ပြုလုပ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ စစ်တပ်၏ လက်ဝယ်သို့ လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေး စီးဆင်းမှုများကို ဖြတ်တောက်ရန် လိုအပ်သည်မှာ ထင်ရှားကြောင်း၊ မိမိအနေ ဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား မေးမြန်းလိုသည်မှာ မြန်မာ ပြည်သူ များ၏ အသက်ကို ကယ်တင်ရန် မည်ကဲ့သို့သော အခြေအနေ သို့မဟုတ် အကြောင်းအရာကို စောင့်ဆိုင်းနေသနည်း ဟု မေးမြန်းလိုကြောင်း သံအမတ် ကြီးက မေးခွန်းထုတ်သည်။

စစ်တပ်၏ အာဏာရှင်စနစ်နှင့် ၎င်း၏ အာဏာကို မြန်မာပြည်သူအများစုမှာ စည်းလုံးညီညွတ်စွာ ဆန့်ကျင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသည့် အခင်းအကျင်းမှာ ပြည်တွင်းစစ် မဟုတ်ဘဲ အကြမ်းဖက်သည့် မတရားအာဏာရယူထားသည့် အာဏာရှင်စစ်တပ်အား ခုခံဆန့်ကျင်နေသည့် ပြည်သူ့တော်လှန်ရေးသာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်အား နိုင်ငံရေးနယ်ပယ်မှ အပြီးတိုင် ဖယ်ရှားရန်နှင့် အရပ်သားအစိုးရအုပ်ချုပ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် တောင်းဆိုနေ ကြကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

စစ်တပ်အနေဖြင့် ပြည်သူများအပေါ် လုပ်ဆောင်နေသည့် စစ်ပွဲအား အနိုင် ရရှိရန် စွမ်းဆောင်နိုင်ခြင်း မရှိသကဲ့သို့ နိုင်ငံအား အုပ်ချုပ်ရန် သို့မဟုတ် စီးပွားရေးအား စီမံခန့်ခွဲရန် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ ထို့အတူ ပြည်တွင်း၌ ရေရှည်တည်တံ့သည့် တည်ငြိမ်အေးချမ်းမှု ဖြစ်ထွန်းစေရန်လည်း ဆောင်ကျဉ်းပေး နိုင်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ အရပ်သားအစိုးရကသာလျှင် အဆိုပါ ရည်မှန်း ချက်ပန်းတိုင်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစု များကလည်း အဆိုပါရည်မှန်းချက်ပန်းတိုင်များ ဖော်ဆောင် နိုင်ရေး အတွက် သံန္နိဋ္ဌာန်ချမှတ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်သူများ၏ အသံကို နားထောင်ရန်နှင့် မျှော်မှန်းချက်များကို လေးစာရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက် အိုးအိမ် ကို ကယ်တင်ပေးနိုင်မည့် အရေးယူဆောင်ရွက်ချက်များကို မဆိုင်းမတွဘဲ ချက်ချင်းချမှတ်လုပ်ဆောင်ရမည်ဖြစ်ပြီး စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်နေမှုကို အပြီးတိုင်ရပ်တန့်ရန်နှင့် ဒေသတွင်း မတည်ငြိမ်မှု ပိုမိုကြီးထွားလာခြင်းမှ ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆုံးဖြတ် ချက် အဆို 2669 (2022) အား ပိုမိုခိုင်မာ အားကောင်းစေနိုင်မည့် ဆုံးဖြတ်ချက် အဆိုအသစ်ကို ထပ်မံချမှတ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်း မှုလုပ်ငန်းစဉ်အား ယခုပင် စတင်ရန် မိမိအနေဖြင့် တောင်းဆိုလိုကြောင်း သံအမတ်ကြီးက ဆို သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုများသည် ဥပဒေကြောင်း အရ စည်းနှောင်မှု အားရှိပြီး အကျိုးသက်ရောက်မှုရှိသော ကြောင့် မြန်မာနိုင်ငံ အပေါ် နောက်ထပ်ဆုံးဖြတ်ချက် အဆို အသစ်ကို ထပ်မံချမှတ်သင့်ရန် သံအမတ် ကြီးက ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article