ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၂ လုံးပျက်စီးပြီး ပြည်သူ ၁ ဦးဒဏ်ရာရ
ရန်ကုန်၊ သြဂုတ် ၂၆
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ် ၂ လုံးပျက်စီးပြီး ပြည်သူ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ် ၂ လုံးပျက်စီးပြီး ပြည်သူ ၁ ဦးဒဏ်ရာရရှိကာ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဒီးမော့ဆိုမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်ခွေးတွေ ညက လေယာဥ်နဲ့ ဗုံးကျဲချသွားတယ်။ နေအိမ် ၂ လုံး ပျက်စီးပြီး ပြည်သူ ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရတယ်။ အကြမ်းဖက် စစ်ခွေးတွေက လေယာဥ်နဲ့ ဗုံးကျဲချပြီး နောက်မှာ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်” ဟု ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောဆိုသည်။