29 C
Yangon

ဆားလင်းကြီးရှိ ကျားတက်ရဲစခန်းနှင့် မြိုင်မြို့ပေါ်ရှိ စစ်တပ် စခန်းတို့ကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဆားလင်းကြီးရှိ ကျားတက်ရဲစခန်းနှင့် မြိုင်မြို့ပေါ်ရှိ စစ်တပ် စခန်းတို့ကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းနှင့် မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်တပ်စခန်း တို့ကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်၊ ကျားတပ်ရဲစခန်းကို ဩဂုတ်လ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် ဗုံးသီး ၁ လုံး၊ ဩဂုတ်လ ၂၆ ရက် ည ၁၁ နာရီခွဲတွင် ဗုံးသီး ၄ လုံး၊ ဩဂုတ်လ ၂၈ နံနက် ၉ နာရီခွဲတွင် ဗုံးသီး ၁ လုံး၊ နေ့လည် ၁၂ နာရီတွင် ဗုံးသီးတစ်လုံး၊ ညနေ ၃ နာရီတွင် ဗုံးသီးတစ်လုံး ကျချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒေါင်းတမန်လေ ကြောင်းစစ်ဆင်ရေးအဖြစ် Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်း တပ်ဖွဲ့ဝင်များမှ ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ၊ ပစ္စည်းများ ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ ၊ တိမ်တမာန် လေကြောင်းစစ်ဆင် ရေး၊ နဂါးညီနောင်တပ်ဖွဲ့ ၊ ဗိုလ်ချုပ်၊၀က်လက်၊ wings Of Kalay ကလေး၊ ကျောက်လုံးကြီး KLG တပ်မ ဟာ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ( CDSOM အနောက်ပိုင်း 001)၊ Drop for Justic MDY၊ ကျောက်ဆည်ခရိုင်ဒရုန်းအဖွဲ့၊ MRTF Drone Force၊ Lightning Drone Force၊ မိတ္ထိလာ ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ ဆားတောင်မိုးကြိုး LPDF၊ မိုးညို (မြင်းမူ LPDF)၊ အောင်သပြေညီနောင် (မြင်းမူ LPDF)အဖွဲ့၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ် ၄ MSPDF၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကို မှောက်ပစ်မယ် ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေး၊ မနီလေးနှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအနေဖြင့် ရှိသည့်ပစ္စည်း၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက် စစ်ကောင်စီကို အစွမ်းကုန်တိုက်ခိုက်နေပြီး မိဘပြည်သူများမှလည်း ပိုမိုပူးပေါင်းပါဝင်ပေးကြရန်နှင့် ဒရုန်း အစီးရေများစွာဖြင့် ဖျက်အားပြင်းယမ်းများကို အသုံးပြုကာ ယခုထက်ပိုမိုသော စစ်ဆင်‌ရေးများ ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးမေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article