35 C
Yangon

ဒီးမော့ဆို-ဖရူဆို ကားလမ်းပိုင်းတွင် တစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ

Must read

ဒီးမော့ဆို-ဖရူဆို ကားလမ်းပိုင်းတွင် တစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ သြဂုတ် ၃၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ကားလမ်းပိုင်းတွင် တစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဒီမော့ဆို-ဖရူဆို ကားလမ်းတစ်လျှောက်နှင့် ငွေတောင်ရွာသစ်ကျေးရွာကို စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Battle Wings၊ ၁၁၀၆ တပ်ရင်းနှင့် T2S2 နည်းပညာထုတ် လုပ် ရေးအဖွဲ့နှင့် မြေပြင်ပူပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေး အကြိမ် ၂၀ တွင် ဗုံးသီး ၅၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့တစ်ဖွဲ့ထဲ စစ်ဆင်ရေးပေါင်းအကြိမ် ၂၀ ကို ဗုံးသီး ၅၄ လုံးကျဲချတိုက်ခိုက်ခဲ့တာပါ၊ တခြား ဒရုန်းအဖွဲ့တွေလည်းပါသေးတယ်၊ ဒါပေမယ့် သူတို့အဖွဲ့တွေ ဘယ်လောက်ကျဲချခဲ့လဲဆိုတာ မသိပါဘူး၊ နေရာကလည်း တခြားနေရာတိုက်ပွဲတွေရောပါပဲ။ ဒီမော့ဆို-ဖရူဆိုလမ်းမကြီးတကြောလုံး စစ်ကြောင်း က ရှိနေတာဗျ၊ နေ့တိုင်းလိုလိုတိုက်ပွဲတွေဖြစ်နေ တယ်၊ ရက်တိုင်းရှိနေတာဗျ၊” ဟု Battle Wings တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်း မှူးများအပါအဝင် ၇၀ ကျော် သေဆုံးပြီး အများ အပြားဒဏ်ရာရရှိကာ လက်နက်ခဲယမ်း၊ စစ်အသုံးအ ဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်အဖွဲ့-ပကဖ(နေပြည်တော်) မှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများကို ကရင်နီပြည်နယ်အတွင်းရှိ KA၊ KNDF ၊ နေပြည်တော် – ပြည်သူ့ကာကွယ် ရေး အဖွဲ့ (ပကဖ) တိုင်းခရိုင်မြို့နယ်များမှ DMO Local PDF တပ်ရင်း ၁ ၊ ဗိဿနိုးနယ်မြေပြည်သူ့ကာ ကွယ်ရေးအဖွဲ့စသည့် မဟာမိတ်အဖွဲ့များပူးပေါင်းကာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ဦးဆောင် မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

ကရင်နီပြည် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြုတ်သည်အထိ ဆက် လက် တိုက်ပွဲဝင်လျက်ရှိနေပြီး ပြည်သူလုထုများအနေဖြင့် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article