24.7 C
Yangon

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့် လမ်းများပိတ်ဆို့ထား၍ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံစားသောက်ကုန် ရိက္ခာများ ပြတ်တောက်နေ

Must read

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့် လမ်းများပိတ်ဆို့ထား၍ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံစားသောက်ကုန် ရိက္ခာများ ပြတ်တောက်နေ

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ ယောဒေသ ၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့် လမ်းများပိတ်ဆို့ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး အခြေခံစားသောက်ကုန် ရိက္ခာများ ပြတ်တောက်နေကြောင်းဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က မကွေးတိုင်း၊ ယောဒေသ ၊ ဂန့်ဂေါမြို့နယ်သို့ ကုန်စည်သယ်ယူခွင့် ပိတ်ပင်လိုက်သည့် အတွက် ကုန်‌စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေကြောင်း၊ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်က ကုန်စည်သယ်ယူခွင့် ပိတ်ပင်ရာတွင် အခြေခံစားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါးနှင့် အသုံး အဆောင်များ ပြတ်တောက်နေပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာမှ သယ်မရတော့ဘူး။ ခလရ (၅၀) ဂိတ်က ဘာမှ သယ်ခွင့်မပေးတော့ဘူး။ ပါလာတာတွေတောင် အကုန်ပြန်ချခိုင်းတယ်။ ရက်အကန့်အသတ်မရှိဘူးလို့ ပြောတာပဲ”ဟု ဂန့်ဂေါမြို့သို့ ကုန်စည်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် လောင်စာဆီအပါအဝင် ဆန်၊ ဆား၊ ငါးပိ၊ ကြက်သွန် စသည့် အခြေခံ ားသောက်ကုန်ဈေးများ အဆမတန် မြင့်တက်နေပြီး လိုသလောက် ဝယ်မရကြောင်း သိရှိရသည်။

“ဓာတ်ဆီ၊ ဒီဇယ် ရောင်းစရာမရှိတော့ဘူး။ ဆန်ကလည်း ဆင်းသုခ တစ်တင်း (၁၆ပြည်)ကို ၆ သောင်းကျော်ပြီ။ ဧရာမင်းဆို ၁ တင်းကို ၇ သောင်းလောက်ရှိတယ်။ ဘေးကြား(ပေါ်ဆန်းမွှေး)ဆိုရင် ၁ သိန်းကျော်ပြီ။ ဈေးသာကြီးတာ ရောင်းမယ့် သူမရှိဘူး။ တချို့ကလည်း လမ်းပိတ်တော့ကြောက်ပြီးဝယ်ကြတာ။ ဓာတ်ဆီ၊ ဒီဇယ်ဆိုရင် ဒီရက်ပိုင်း ကလေးနယ်ဖက်က ဆိုင်ကယ်နဲ့ လာဝယ်ကြတာ ၁ ဂါလံကို ၁၆၀၀၀ ကနေ ၂ သောင်းကြား ဈေးပေါက်တယ်။ ဒါလည်း လိုသလောက်မရကြဘူး”ဟု မွှေ့လယ်ရွာမှ ကုန်သည်တဦးက ပြောသည်။

လက်ရှိဂန့်ဂေါနယ်မှာ နှမ်းရိတ်သိမ်းချိန်ဖြစ်ပြီး နှမ်းဝါတစ်တင်းကို ကျပ် ၁၂၀၀၀၀ ကျော် ဈေးပေါက်နေသော်လည်း လမ်းပိတ်ထားသည့်အတွက် တောင်သူများ အခက်အခဲ ဖြစ်နေကြကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုက လမ်းပိတ်မှုအပြင် စစ်ကောင်စီက အသစ်ထပ်မံရိုက်နှိပ်ထုတ်ဝေသည့် နှစ်သောင်းတန်‌ ငွေစက္ကူ၏ နောက်ဆက်တွဲကြောင့်ပါ ပါဝင်ကြောင်း ၊ စစ်ကောင်စီက ရိုက်နှိပ်ထုတ်ဝေသည့် နှစ်သောင်းတန်ငွေစက္ကူကို မသုံးစွဲကြရန် NUG က ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article