26 C
Yangon

ခင်ဦးရှိ လောင်းရှည်ရွာအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရုပ်အလောင်းကို ရွာထဲ၌ မီးရှို့ဖျောက်ဖျက်

Must read

ခင်ဦးရှိ လောင်းရှည်ရွာအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရုပ်အလောင်းကို ရွာထဲ၌ မီးရှို့ဖျောက်ဖျက်

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လောင်းရှည်ရွာအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရုပ်အလောင်းကို ရွာထဲ၌ မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် လောင်းရှည်ရွာမြောက်ဘက်အဝင်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးရွာ ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး နေရာတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ စစ်သား ၂ ဦး၏ ရုပ်အလောင်းကို လောင်းရှည်ရွာအတွင်းရှိ နေအိမ် ၁ လုံးအတွင်း မီးရှို့အလောင်းဖျောက်ခဲ့​ပြီး လောင်းရှည်ရွာ စာသင်ကျောင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာမှ အဆောင်တစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၁ တပ်မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် သံလမ်းတစ်လျှောက် လက်ပံလှရွာ အနောက်ဘက်၊ ရွာသန်းရွာ အရှေ့မြောက်ဘက်ကို တက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) များ၊ တိုက်နယ် ပကဖ ခေါင်းဆောင်နှင့် ကျေးရွာကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ မိုင်းဆွဲခြင်း၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရမှု များပြားကာ အထမ်းများဖြင့် ပေါက်တုံရွာဘက်ကို ထမ်းသွားကြောင်း တော်လှန်ရေး အဖွဲ့များထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လောင်းရှည်ရွာအတွင်း ညအိပ်စဥ် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူချက်ပြုတ် စားသောက်ခဲ့ပြီး ခြိမ်းခြောက်စာများလည်း ရေးသားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးတောင်ဘက်ခြမ်းရှိ လောင်းရှည်၊ လက်ပံကြီး၊ လက်ပံလှ၊ ရွာသန်း၊ ပန်းတွင်း၊ ပေါက်တုံ၊ ဝန်းကြီး၊ ကျီးကန်၊ ရေအေးကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article