မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဂိတ်စခန်းများနှင့် အုပ်ချုပ်ရေးမှူး နေအိမ်တို့ကို ဝင်ရောက်တိုက်ခိုက်၊ မကြာမီ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟု ပြောဆို
ရန်ကုန်၊ စက်တင်ဘာ ၂
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အတွင်းရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ ကိုးဆောင်ကျောင်းဂိတ်၊ ဘူတာရုံဂိတ် နှင့် ၃ ရက်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာမကြာမီအတွင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီခွဲခန့်က မြိုင်မြို အတွင်းရှိ စစ်ကောင်စီတပ်သားများ အထိုင် ချထားသော ထိုင်ထားသော ထွေအုပ်ရုံး၊ ရဲစခန်း၊ (မြိုင်-ဗဟင်းလမ်း) အထွက် ကိုးဆောင်ကျောင်း ဂိတ်၊ မြိုင်မြိုဘူတာရုံ၌ ထိုင်ထားသောစစ်ကောင်စီဂိတ် နှင့် အမှတ် ၃ ရပ်ကွက် အတွင်းရှိ အကြမ်းဖက် စစ် ကောင်စီ ခန့်အုပ်ချူပ်ရေးမှူး လက်နက်ကိုင်တင်မောင်သန်းအိမ် တို့ကို စစ်မျက်နှာမျိုးစုံဖွင့်ကာ ဝင် ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ် ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဂိတ်များမှ ပြန်လည်ပစ်ခတ်နိင်ခြင်းမရှိပဲ အသာစီးရယူကာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ အမှတ် ၃ လက်နက်ကိုင် အုပ်ချုပ်ရေးမှူးတင်မောင်သန်းနေအိမ်ကို ဝင်ရောက်ပစ်ခတ်ရာ ထွက်ပြေးသွား ပါသဖြင့် နေအိမ်ကို ဝင်ရောက်ဖျတ်စီးခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိအခိုက် သေဆုံးမှုကို စုံစမ်းနေ ဆဲဖြစ်ပြီး သိရှိရပါက အချိန်နှင့်တပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း၊ မြိုပြစစ်ဆင်ရေး များကို အရှိန် မြှင့်ဆောင်ရွက်ကာ မကြာမီအချိန်အတွင်း မြို့သိမ်း တိုက်ပွဲများကို ဖော်ဆောင်တော့မည်ဖြစ်ကြောင်း မြိုင်ပကဖမှ အသိပေးထားသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပ.က.ဖ)တပ်ရင်း ၂၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ ၊ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပ.က.ဖ)တပ်ရင်း ၁ တပ်ခွဲ ၃၊ တပ်ခွဲ ၄ Earthquake People’s Defence Force< Salingyi Special Task Force(SSTF) နှင့် GOE ပြောက်ကျားတပ်တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးနှင့် ယန္တရား မလည်ပတ်စေရန် မြိုင်မြို့ အမှတ် ၃ အထက်တန်း ကျောင်း၌ ပညာသင်ကြား နေသော Non-CDM ဆရာ၊ ဆရာမ တချို့ကိုလည်း ယာယီခေါ်ဆောင် ထိန်း သိမ်းကာ CDM ပြုလုပ်ရန် သတိပေးဆုံးမပြီး ပြန်လွှတ်ပေးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။
