32 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထား

Must read

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထား

ရန်ကုန်၊ စက်တင်ဘာ ၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် သားကျင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာပြည်သူများကို ဖမ်းဆီးပြီး အမျိုးသမီးများကို ပြန်လွှတ်ပေးကာ အမျိုးသား ၅၀ ကျော်ကို သားကျင်ရွာ ကောင်စီရုံးအတွင်း၌ ဖမ်းဆီးထား​ပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“သားကျင်ရွာမှာက စစ်ခွေး အထိုင်စခန်းရှိတယ်။ ကျေးရွာသား ပြည်သူတွေကို ဘာကြောင့် ဖမ်းဆီးလည်းဆိုတာတော့ မသိရသေးဘူး။ အမျိုးသမီးတွေကို လွှတ်ပေးလိုက်ပြီလို့ သိရပေမယ့် အမျိုးသား ၅၀ ကျော်ကို အခုထိဖမ်းထားတုန်းပဲ” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article