ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းမှ ဆရာ ဆရာမများကို ငွေကျပ် ၅ သိန်း လှူဒါန်း
ရန်ကုန်၊ စက်တင်ဘာ ၃
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းမှ ဆရာ ဆရာမများ လိုအပ်သည့် နေရာ၌ အသုံးပြုရန်အတွက် ဒေါ်ဖြိုးနှင့် အမွှေမလေးများ အဖွဲ့က မွေးနေ့အလှူအဖြစ် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့၌ ငွေကျပ် ၅ သိန်းကို ကျေးလက်မြေ အဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။