27 C
Yangon

ညောင်လေးပင်တွင် တိမ်းမှောက်နေသော လေယာဥ်ဆီဘောက်ဆာကား ကို လုံခြုံရေး ယူနေသည့် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးနိုင်

Must read

ညောင်လေးပင်တွင် တိမ်းမှောက်နေသော လေယာဥ်ဆီဘောက်ဆာကား ကို လုံခြုံရေး ယူနေသည့် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၃

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် တိမ်းမှောက်နေသည့် လေယာဥ်ဆီဘောက်ဆာကားကို လုံခြုံရေး ယူနေသည့် ရဲ ၁ ဦး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးနိုင်ကြောင်း Soul Takers – Yangon Underground Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် လေယာဥ် ဆီဘောက် ဆာကားသည် ပြွန်တန်ဆာမြို့ မြို့မ ၃ ရပ်ကွက် ပင်းတလဲကျောင်းကွေ့ ရန်ကုန် – မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် ၇၆/ ၄ အနီးတွင် ဩဂုတ်လ ၂၇ ရက်နေ့တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ပြွန်တန်ဆာ ရဲစခန်းမှ လုံခြုံရေး ယူပေးနေခြင်းဖြစ်ကြောင်း၊ ယနေ့ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် မှောက်နေသည့်ကားကို လုံခြုံရေးယူနေသည့် ရဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီမှာ မှောက်ပြီး လုံခြုံရေး ယူနေတာကို ကျွန်တော်တို့က ပြန်ကြည့်ထားတာ။ ကျတဲ့ ရဲခွေးက ခေါင်းကိုတော့ ပစ်ခဲ့တာမို့ တစ်ခါတည်း လဲကျသွားပါတယ်။ သေဖို့ ရာခိုင်နှုန်းများပါတယ်။ ဆိုင်ကယ်နဲ့ ဖြတ်ပြီး ခေါင်းကို တေ့ပစ်ခဲ့တာ။ သူတို့ဘက်က ရုတ်တရက်ဆိုတော့ ပြန်မပစ်နိုင်ဘူး” ဟု Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုကို Soul Takers UG နှင့် 9 STAR UG အဖွဲ့ မှ ပူးပေါင်း လုပ် ဆောင်ခဲ့ ခြင်း ဖြစ်ပြီး ရဲဘော်များအထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article