29 C
Yangon

စစ်ကိုင်းတိုင်းတွင် ဒရုန်းဖြင့် ဝေဟင်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် “ရတနာသိင်္ဃ မိုးပျံလေး”ကမ်ပိန်း ပြုလုပ်

Must read

စစ်ကိုင်းတိုင်းတွင် ဒရုန်းဖြင့် ဝေဟင်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် “ရတနာသိင်္ဃ မိုးပျံလေး”ကမ်ပိန်း ပြုလုပ်

ရန်ကုန်‎၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းတွင် ဒရုန်းဖြင့် ဝေဟင်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်အတွက် “ရတနာသိင်္ဃ မိုးပျံလေး”ကမ်ပိန်းကို စက်တင်ဘာ ၂ ရက်နေ့မှ အော်တိုဘာ ၃၁ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း Dragon Urban Guerrilla (DUGF) အဖွဲ့က ပြောသည်။

ဒရုန်း ၂ စီး ဝယ်ယူရန် ရည်ရွယ်ချက်နှင့် ကမ်ပိန်းပြုလုပ်ခြင်း ဖြစ်ပြီး လက်မှတ် တစ်စောင် ကျပ် ၁၀,၀၀၀ နှင့် ဝယ်ယူအားပေးနိုင်မည် ဖြစ်ကြောင်း DUGF အဖွဲ့မှ ပြောကြားသည်။

ကမ်ပိန်းတွင် ပါဝင်ကြသူများကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၂၀ ကို ပြန်လည် ချီးမြှင့်ပေးသွားမည် ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် DUGF ၏ Facebook ပေ့မှ Live လွှင့်မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပ နိုင်ငံ ၁၂ နိုင်ငံနှင့် ဥရောပဒေသမှ Bank Accounts များဖြင့် တိုက်ရိုက်ထောက်ပံ့နိုင်ပြီး အခြားပြည်တွင်းပြည်ပ နိုင်ငံအစုံမှ NUGPay ၊ PayPal ၊ Western Union ၊ SDB bank ၊ KPay ၊ Wave တို့ဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပါဝင်ထောက်ပို့ လိုသူများ Clenching Fists – Messenger – m.me/clenchingfists နှင့် တယ်လီဂရမ် – t.me/Clenching_Fists တို့သို့ ဆက်သွယ်ပါဝင်နိုင်ပြီး ပြည်တွင်းမှ ဝယ်ယူထောက်ပံ့ချင်သူများ DUGF ၏ Page messenger ‌တွင် လာရောက် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

Dragon Urban Guerrilla (DUGF) အဖွဲ့၏ လူမှုကွန်ရက်ဖြစ်သော https://www.facebook.com/KUDragon ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article