30 C
Yangon

ကျွန်းစုမြို့နယ်ရှိ ပျူစောထီးများ ပိုင်ဆိုင်သော ခဲမိုင်းလုပ်ကွက်ကို PDF တပ်ဖွဲ့က ဖျက်သိမ်း

Must read

ကျွန်းစုမြို့နယ်ရှိ ပျူစောထီးများ ပိုင်ဆိုင်သော ခဲမိုင်းလုပ်ကွက်ကို PDF တပ်ဖွဲ့က ဖျက်သိမ်း

ရန်ကုန်၊ စက်တင်ဘာ ၄

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ရှိ ပျူစောထီးများ ပိုင်ဆိုင်သော ခဲမိုင်းလုပ်ကွက်ကို PDF တပ်ဖွဲ့က ဝင်ရောက် ဖျက်သိမ်းခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေး ရွာ ပျူစောထီး ခေါင်ဆောင် ကြည်းလှ နှင့် ပျူစောထီး စိုးမင်း ပိုင်ဆိုင်သော ယမုံကျေးရွာရှိ ခဲမိုင်းလုပ်ကွက်ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက သွားရောက် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရမိတာတော့ မရှိပါဘူး။ ခဲမိုင်း လုပ်ကွက်တွေကို ရှင်းလင်းခဲ့ပြီး ပြန်လည် ဆုတ်ခွာလာတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ခဲမိုင်း လုပ်ကွက်များသည် ပြည်သူများ ပိုင်ဆိုင်သော မြေများကို မတရား သိမ်းဆည်းပြီး တရားမဝင် ခဲမိုင်း ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ စစ်တပ်နှင့် ဆက်နွယ်နေသည့် ထောက်တိုင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article