32 C
Yangon

ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် နံနက်ပိုင်းက စတင်ကာ ၀က်လက်မြို့နယ်၊ သရက်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ကျော်ဖြင့် သေနတ်များ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး အနီးအနားရှိ ကျေးရွာများပါ သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“၀က်လက်မြို့နယ် သရက်ကြီးကျေးရွာကို နံနက်က စစ်သား ၃၀၀ လောက်က အနီးနား ရွာတွေပါမကျန် လိုက်လံပစ်ခတ်နေတယ်။ ရွာသူရွာသားတွေလည်း ထွက်ပြေး စစ်ရှောင်နေရတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လက်ရှိထိ ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် သရက်ကြီးရွာ၊ ပေါက်တောရွာနှင့် ပြွန်ဦးရွာမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သရက်ကြီးရွာထဲ၌ ရှိနေသေးကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော အဖွားအို ၁ ဦး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article