26.6 C
Yangon

“လက်နက်အားကိုးဖြင့် ပြည်သူကို စစ်ကျွန်ပြုနေသူများကို လက်နက်ကိုင် တွန်းလှန် ဖယ်ရှားရန်မှတပါး လူငယ်များတွင် တခြားရွေးချယ်စရာမရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို”

Must read

“လက်နက်အားကိုးဖြင့် ပြည်သူကို စစ်ကျွန်ပြုနေသူများကို လက်နက်ကိုင် တွန်းလှန် ဖယ်ရှားရန်မှတပါး လူငယ်များတွင် တခြားရွေးချယ်စရာမရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို”

■ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် CDM စစ်သား ၄၅၀ ကျော် တာဝန်ထမ်းဆောင်တိုက်ပွဲဝင်နေ

ရန်ကုန်၊ စက်တင်ဘာ ၈

လက်နက်အားကိုးဖြင့် ပြည်သူအပေါ် စစ် ကျွန်ပြုနေသူများကို လက်နက်ကိုင် တွန်းလှန်ဖယ်ရှားရန်မှ တပါး လူငယ်များတွင် တခြားရွေး ချယ်စ ရာမရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၈ ရက် နံနက်ပိုင်း ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အထိမ်းအမှတ် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန် ထမ်း ဆောင် နေသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုပွဲ အခမ်းအနားတွင် NUG ကာကွယ်ရေးဝန်ကြီးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“မြန်မာစစ်အုပ်စုရဲ့ အာဏာလောဘ၊ ကိုယ်ကျိုးစီးပွားလောဘဟာ တိုင်းပြည် ကို ဖျက်ဆီးပစ်ခဲ့တယ်။ လူငယ်တွေဟာ အနာဂတ်ပျောက်ခဲ့ရတယ်။ စစ်ကျွန်ဘဝ ဆိုတာ အင်မတန်လူဖြစ်ရှုံးတယ်။ စစ်ဖိနပ် အောက်မှာ လူ့ဂုဏ်သိက္ခာ ကင်းမဲ့ခဲ့ ရတယ်။ လူဖြစ်ရှုံးတဲ့ဘဝမှာ ဒူးထောက်အညံ့ခံပြီး နေသာသလို နေမလား ဆုံးရှုံးနေတဲ့ လူ့ဂုဏ်သိက္ခာကို ပြန်ရအောင်တိုက်ယူမလား လူငယ်တွေ ရွေးချယ်ကြရတယ်။ သိန်းသန်းချီသော မြန်မာလူငယ်တွေဟာ ဒုတိယလမ်းကို ရွေးခဲ့ကြတယ်။ လူငယ်တွေရဲ့ ဦးဆောင်ပါဝင် မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်ခဲ့ကြတယ်။ လက်နက်အားကိုးနဲ့ ပြည်သူအပေါ် စစ် ကျွန်ပြုနေသူတွေကို လက်နက်ကိုင် တွန်းလှန်ဖယ်ရှား ပစ်ဖို့မှတပါး လူငယ်တွေမှာ တခြားရွေး ချယ်စ ရာမရှိခဲ့ဘူး။” NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

လူ့သမိုင်းတလျှောက် မင်းဆိုးမင်းညစ်များကို တွန်းလှန်ဖယ်ရှားမှု ကြိုးစားသည့်အဖွဲ့အစည်းများတွင် လူငယ်များသည် ရှေ့တန်းမှ ပါဝင်လေ့ရှိကြောင်း၊ ပခုံးပေါ်ရောက်ရှိလာသည့် သမိုင်းပေးတာဝန်ကို ထမ်း ဆောင်ရန် လူငယ်များသည် မည့်သည့်အခါမှ ပျက်ကွက်လေ့မရှိကြောင်း၊ လူငယ်များသည် သမိုင်းသစ် ကို ဖန်တီးသူများဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆက်လက်ပြောဆိုသည်။

အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်နှင့်နွေဦးတော်လှန်ရေး အပါအဝင် ခေတ် အဆက်ဆက် တော်လှန်ရေးများတွင် ကျဆုံးသွားခဲ့ရသော ရဟန်းရှင်လူ၊ မိဘပြည်သူ၊ ကျောင်းသား များနှင့်သူရဲကောင်းများကို အလေးပြုခြင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ် ပြုအမှာစကား ပြောကြားခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုဝန်ကြီးက ဂုဏ်ပြုချီးမြှင့် စကား ပြောကြားခြင်းနှင့်တော်လှန်ရေးအနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော် ဖြေခဲ့ကြောင်း သိရှိရသည်။

“ဒီအချိန်မှာ အဆုံးသတ်တိုက်ပွဲကို ငါတို့ဘယ်လိုဆင်နွှဲကြမလဲ၊ အပြီးသတ်အောင်ပွဲကို ငါတို့ ဘယ်လို ရ ယူကြမလဲ ဆိုတာ စဉ်းစားပြင်ဆင်ဖို့ အချိန်ရောက်ပြီလို့ ငါတို့နားလည်တယ်။ အရေးကြီးဆုံး က COC အောက်ရောက်ပြီးသား တပ်ဖွဲ့တွေရဲ့ တိုက်စွမ်းရည်ကို ငါတို့မြှင့်တင် ကြရလိမ့်မယ်။ဒီအတွက် တပ် ရင်းတပ်ဖွဲ့၊ စစ်ကြောင်းနဲ့ဗျူဟာတွေရဲ့ စုဖွဲ့မှုပိုကောင်းရလိမ့်မယ်၊ လေ့ကျင့်မှု ပိုကောင်းရ လိမ့်မယ်၊ အမိန့်ပေးအမိန့်နာခံမှု ပိုကောင်းရလိမ့်မယ်၊ လက်နက်နဲ့ဗျူဟာ ပိုကောင်းရ လိမ့်မယ်။ အရင်းခံကတော့ ရဲဘော်တစ်ဦးချင်းရဲ့ စိတ်ဓာတ်ခိုင်မာဖို့ပဲ။ တော်လှန်ရေး အပေါ် ဆုံးဆုံးဖြတ်ဖြတ် ရှိပြီး တော်လှန်ရေး မအောင်မချင်း ငါပါဝင်မယ်၊ ငါလုပ်နိုင်တာ လုပ်မယ်ဆိုတဲ့ သံဓိဌာန် ခိုင်သထက် ခိုင်အောင် ချကြရ လိမ့်မယ်။ ရဲဘော်တို့ဟာ အောင်ပွဲနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်ဆိုတာ ရဲဘော်တို့ရဲ့ သက်စွန့်ကြိုးပမ်းမှု တွေက သက်သေခံပြီးဖြစ်တယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမယ်။” ဟု NUG ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်အောက်မှ ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်လာသော စစ်သား ၄၅၀ ကျော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်များတွင် တာဝန်ထမ်းဆောင်တိုက်ပွဲဝင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ပြည်သူ့သားကောင်း ၄၅၀ ကျော်သည် ယခုအခါ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရဲဘော်များအဖြစ် ခံယူလျက် စစ်ရုံးချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

ယနေ့ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများ ကိုယ်စား ယခင်(ဗိုလ်မှူး) ယခုတပ်ရင်းမှူး ရဲဘော်စံလင်း (အထူးကွန် မန်ဒို တပ်ရင်း) က ကျေးဇူးတင် ခွန်အားဖြည့်စကား ပြောကြားခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားသို့ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ အတွင်း ဝန်၊ ဒုအတွင်းဝန် အပါအဝင် အရပ်ဘက်/စစ်ဘက် တာဝန်ရှိသူများ၊ ပြည်သူ့သားကောင်းများ တက် ရောက်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article