28 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း နတ်တောင်နဂါး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာနှင့် ရှားကွဲရွားအကြားတွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၆ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၂၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်ခြင်း​ကြောင့် လက်နက် အင်အား မမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားများ ၁၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များ ပေးပို့မှုအရ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် တိုက်ပွဲ ကြေညာခြင်းနောက်ကြရခြင်းသည် နယ်မြေမငြိမ်းချမ်းခြင်းများ နှင့် နယ်မြေ ရှင်းလင်းနေရမှုကြောင့် ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ နယ်မြေခံ ပကဖ ၊ Local PDF များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article