28 C
Yangon

ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ နယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၁ လောင်းတွေ့ရှိ

Must read

ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ နယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၁ လောင်းတွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ဖိုးဝင်းတပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် မြှုပ်နှံထားသည့် စစ် အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း လျှပ်စီးပြောက်ကျားတပ်ဖွဲ့(ဝက်လက်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၇ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က အင်အား ၁၀၀ ခန့်ဖြင့် ၀က်လက်မြိုနယ်၊ ဖိုး၀င်းတပ် ကျေးရွာသို့စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်တိုက်ပွဲဖြစ်ခဲ့ပြီး ကျည်မလုံလောက်သဖြင့် ပြည်လည်ဆုတ်ခွာခဲ့ရ ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ဖိုးဝင်းတပ်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက် နံနက် ၉ နာရီခန့်တွင် ၎င်း စစ်ကြောင်းသည် မြောက်ဘက်မှ ထိုးလာသော အင်အား ၁၀၀ ပါ စစ်ကြောင်းဖြင့် ဖိုး၀င်းတပ် ကျေးရွာကို မီးရှို့ခဲ့သော စစ်ကြောင်းတို့ ပူးပေါင်းပြီး မင်းကုန်းလေးကျေးရွာဘက်မှ ရှိန်းမကားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားချိန် ပြောက်ကျား စနစ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီး ပြောက်ကျားတပ်ဖွဲ့(၀က်လက်)၊ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့၊ People’s Servant Revolution force(Wetlet) တို့မှ ဦးဆောင်၍ ဒေသ ပ.က.ဖ များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းထွက်ခွာသွားပြီးနောက် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ဖိုးဝင်းတပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း အရှေ့ဘက် ၌ မြှုပ်နှံထားသော စစ်သား အလောင်းတစ်လောင်းနှင့်အတူ အကြမ်းဖက်စစ်သားများ အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများတွေ့ရှိခဲ့ရကြောင်း လျှပ်စီး ပြောက်ကျားတပ်ဖွဲ့(၀က်လက်)ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article