30 C
Yangon

ပုလဲမြို့နယ် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ပုလဲမြို့နယ် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အနောက်မြောက်ခြမ်းတစ်နေရာတွင် တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် စစ်တပ်၏ တိုက်ခိုက် ရေး ရဟတ်ယာဉ်က လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၊ ပစ်ခတ်သည့်နေရာ သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းဟောင်းနေရာဖြစ်ကြောင်း သိရှိရသည်။

“သူတို့ သတင်းမှားရပြီးလာပစ်တာ ဖြစ်နိုင်တယ်။အဲစခန်းက စခန်းဟာင်း နေရာတစ်ခုပါ ။စခန်းစောင့် ရဲဘော်၄ ယောက်တာရှိတဲ့စခန်းတစ်ခုပါ။သူတိုပစ်မယ်ဆိုတာသိလို့ ကြိုရှောင်နိုင်ခဲ့တယ်။ဘာအထိခိုက်မှမရှိခဲ့ဘူး” ဟု ပုလဲမြို့နယ်သပိတ်ဦး ဆောင်သူကိုတိုး ဝေအောင်က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ပုလဲမြို့ကို လေကြောင်းမှ ပစ်ခတ်သည့်အပြင် ပုလဲမြို့နယ်အ ရှေ့ခြမ်း ဆားလင်း ကြီးမြို့နယ် ၊ကျားတက်ရွာနှင့် ပုလဲမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေ သောကြောင့် ဒေသပြည်သူများ ထွက် ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article