26 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချမှု စစ်သား ၇ ဦးသေဆုံး

Must read

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချမှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာ ကွယ် ရေး တပ်ဖွ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ငါန်းဇွန် မြို့နယ် လက်ပံသာကျေးရွာသို့ လာသည့် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၈ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထွက်ပြေးကြပြီး စစ်သား ၇ ဦး သေ ဆုံးခဲ့ကြောင်း ၊ စစ်သား ၁၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ခွေးအလောင်းတွေနဲ့ ဒဏ်ရာရခွေးတွေကို ထွေလာဂျီ ၂ စီးနဲ့ သားကျင်ကျေး ရွာသို့ သယ်ဆောင်ပါတယ်” ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ငါန်းဇွန် ပ.က.ဖ ) ၊ T.G.R people defense force မြောင်မြို့နယ် ၊ T.G.R ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ T.G.R Women Drone Force ၊ Black Eagle Defense Force – MMU၊ Black Eagle Drone force၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ငန်းနကပြောက်ကျားအဖွဲ့၊ မီနဂါးပြောက်ကျားအဖွဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ တပ် ခွဲ ၁ ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက် ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပြောက် ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- .Eagle Brigade (Anyar Eagles) ၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

Eagle Brigade (Anyar Eagles) ၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article