26 C
Yangon

KNU မူတြော်ခရိုင်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံး

Must read

KNU မူတြော်ခရိုင်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံး

■ စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက လက်တွေ့ကျသော နည်းလမ်းဖြင့် အရေးယူပေးရန် KNU တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်ရှိ စာသင်ကျောင်းများနှင့် ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံး ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သေသူးခီးကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ၁ ကြိမ်၊ လယ်မုပလောကျေးရွာအုပ်စုရှိ ကော်ရော်ဘောထကျေးရွာသို့ ၁ ကြိမ်၊ ဒွယ်လိုးမြို့နယ် နာကိုးခီးကျေးရွာအုပ်စု ထီးကော်ထာရွာသို့ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်း ၁ကျောင်း၊ ကျောင်းသားဘော်ဒါဆောင် ၁ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ ဝတ်ပြုဆုတောင်းရာ နေရာ ၁ နေရာနှင့် လူနေအိမ်ခြေ ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသောမြို့နယ် ခေါးပူကျေးရွာ အုပ်စု သေသူးခီးရွာတွင် နေထိုင်သည့် စောဆရေးမူး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စောဟဲမူ ၊ စောလေမူ၊ စောသဝါးနှင့် စောမောငဘတို့၏ နေအိမ် ၄ လုံး ပျက်စီးသွားခဲ့ကြောင်း၊ လူသောမြို့နယ် လယ်မုပလော ကျေးရွာအုပ်စု ကော်ရော်ဘောထာရွာရှိ စောအယ်ကညော၊ စောကီမဲ၊ စောခါးဂေမူး၊ စောစေးပွယ်ဝါး၊ နော်ထူးနူး၊ စောပလာဝါးတို့၏ နေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်းနှင့် ဝတ်ပြုဆုတောင်းရာ ကျောင်းဆောင် ၁ ဆောင်တို့ ထိခိုက်ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒွယ်လိုးမြို့နယ် နာကိုးခီကျေးရွာအုပ်စု ထီကော်ထာရွာသို့ အကြမ်းဖက်စစ်တပ်မှ ဗုံးကျဲတိုက်ခိုက်ရာတွင် ကျောင်းသူ ကျောင်းသားမျး နေထိုင်သည့် ဘော်ဒါဆောင် ထိမှန်၍ ကျောင်းဆရာဖြစ်သူ စောဖားဒါး ၊ ကျောင်းသားများဖြစ်သည်ံ အသက် ၁၄ နှစ်အရွယ် စောအယ်မူလား၊ အသက် ၁၆ နှစ်အရွယ် နော်ထူးခူဖော် ၊ အသက် ၁၃ နှစ်အရွယ် စောဘိုကြီး တို့ ၄ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် အသက် ၁၄ နှစ်အရွယ် နော်ဖော်စေးထူး၊ အသက် ၁၁ နှစ် အရွယ် နော်ဒါးဝါး၊ အသက် ၉ နှစ်အရွယ် စောအယ်မူလာဝါး၊ အသက် ၁၅ နှစ်အရွယ် ၊ စောအယ်နေထူး၊ အသက် ၁၆ နှစ်အရွယ် နော်မူလာကပေါ်နှင့် ကျောင်းဆရာမ ဖြစ်သူ အသက် ၂၄ နှစ်အရွယ် နော်ဒါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှဒများ ကျူးလွန်၍ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာတရားရေးယန္တယားများ၊ ဒေသတွင်းအဖွဲ့အစည်းများဖြစ်သည့် အာဆီယံ၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ပို၍ လက်တွေ့ကျသည့် နည်းလမ်းများနှင့် တိုးချဲ့၊ ပိတ်ဆို့ အရေးယူးဆောင်ရွက်ကြရန် တောင်းဆိုကြောင်းလည်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article