25 C
Yangon

ပြင်ဦးလွင်မြို့နယ် သာယာအေးရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ အတင်း အဓမ္မ ဖျက်သိမ်းခိုင်းနေပြီး မဖျက်လျှင် ဘူဒိုဇာနှင့် ထိုးဖျက်မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

Must read

ပြင်ဦးလွင်မြို့နယ် သာယာအေးရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ အတင်း အဓမ္မ ဖျက်သိမ်းခိုင်းနေပြီး မဖျက်လျှင် ဘူဒိုဇာနှင့် ထိုးဖျက်မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက် ကျေးရွာအုပ်‎စု သာယာအေး ရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေပြီး မရွှေ့ပြောင်းပါက ဘူဒိုဇာနှင့် ဖျက်ဆီး မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ပြည်သူများထံမှ သိရှိရသည်။

သာယာအေးရွာသစ်တွင် နေထိုင်သည့် ပြည်သူများမှာ ၁၉၈၈ ခုနှစ်ကတည်းက အဆိုပါ မြေနေရာတွင် ဓားမဦးချစိုက်ပျိုးကာ လယ်ယာလုပ်ကိုင်၍ နေထိုင်ခဲ့ ကြ သူများ ဖြစ်ပြီး ကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း၊ သာယာအေး ရွာသစ် ကွင်းအမှတ် ၇၀၆-ခ ဦးပိုင်အမှတ် ၁၁ အတွင်းတွင်း မြေဧရိယာ ၆၀ ဒသမ ၃၂ ဧကရှိပြီး လူဦးရေ ၂၅၀ ဦး၊ အိမ်ထောင်စု ၄၀ ကျော် နေထိုင်ကြ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၂ ရက်နေ့တွင် သာယာ အေးရွာသစ်တည်ထောင်ခြင်းနှင့် လယ်ယာမြေအဖြစ် ဥပဒေနှင့် အညီ မြေနေရာချ ပေးရန် တင်ပြထားချက်ကို ခေါ်ယူရှင်းပြမည်ဟုဆိုပြီး အစည်း အဝေး ခေါ်ယူကာ ကျေးရွာကို ချက်ချင်း ဖျက်သိမ်းခိုင်းနေ ခြင်းဖြစ် ကြောင်း သိရှိရသည်။

“၆ ရက်နေ့ဖိတ်တာ မနေ့က ခေါ်ပြောတာ။ ဖိတ်တာနဲ့ ပြောတာ တခြားစီ။ ဧက ၆၀ ရှိတာကို စိုက်ပျိုးမြေက ၅၀ လောက်ရှိလို့ သူတို့ရှေ့လုပ်ငန်းစဉ် ၅ ချက်က ဒုတိယအချက်မှာပါတဲ့ဟာ ပြောတော့ အဲ့ဒါက ဥပဒေ မင်းတို့ဟာကြီး ကိုတော့ ဖျက်မှာပဲလို့ပြောတာ။ အင်အားသုံးပြီးလာမှာတဲ့ ၁၆ ရက်နေ့မနက် ကို”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

သာယာအေးကျေးရွာသစ် မြေနေရာကို ဖျက်သိမ်းရန်အတွင် ဇွန်လ ၁၀ ရက်နေ့ တွင် တစ်ကြိမ်၊ ဇွန်လ ၂၂ ရက်နေ့တွင် တစ်ကြိမ်၊ စက်တင်ဘာ ၁၂ ရက်နေ့ တွင် တစ်ကြိမ် မြို့နယ်အုပ်ချုပ်ရေးမှူးက စုစုပေါင်း ၃ ကြိမ်ခေါ်ယူ၍ ဖျက်သိမ်း ရန် ပြောဆိုခဲ့ပြီး ဒေသပြည်သူများက အသနားခံစာတင်ထားခဲ့ကြောင်း၊ အသနားခံ စာတင်ထားမှုအတွက် ပြန်စာ မရရှိသေး၍ ယခုကဲ့သို့ ဖျက်သိမ်းခိုင်း ခြင်း ဖြစ်ကြောင်း၊ ပြည်သူများက ဖျက်သိမ်းမည့် Notice စာ ယူလာရန် ပြောဆိုသော်လည်း ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးက မပေးနိုင်ဟု သာပြန် လည်ပြောဆိုကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“Notice စာတောင်းတာကို မပေးနိုင်ဘူး ။လူကိုယ်တိုင်ပြောပြီးပြီ မလိုဘူးလို့ ပြော တယ်။ ၁၆ ရက်နေ့ ဘူဒိုဆာနဲ့ လာထိုးမယ်တဲ့”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article