32 C
Yangon

ထောင်ဒဏ်သုံးနှစ် မတရားချမှတ်ခံထားရတဲ့ အရှေ့ပိုင်းကျောင်းသား သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ က ၅၀-ည နဲ့ထပ်မံတရားစွဲဆို

Must read

ထောင်ဒဏ်သုံးနှစ် မတရားချမှတ်ခံထားရတဲ့ အရှေ့ပိုင်းကျောင်းသား သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ က ၅၀-ည နဲ့ထပ်မံတရားစွဲဆို

ရန်ကုန် ၊ စက်တင်ဘာ ၁၇

စစ်ကောင်စီက မတရားဖမ်းဆီးပြီးထောင်ဒဏ်သုံးနှစ်ချမှတ်ထားတဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ က ၅၀-ည နဲ့ထပ်မံတရားစွဲဆို လိုက်တယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မဆုရည်လင်းကိုမတရားဖမ်းဆီး ခဲ့ပြီး ၂၀၂၂ခုနှစ် မတ်လ ၃၁ရက် နေ့တွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ထောင်တွင်း တရားရုံးက မဆုရည်လင်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မဆုရည်လင်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရပြီး ၅၂၇ ရက်အကြာမှာ အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀ ည နဲ့ ထပ်မံတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ – ည နဲ့ ထပ်မံတရားစွဲဆိုလိုက်တာဖြစ်ပြီး ၂၀၂၃ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ နှင့် ၁၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကထုတ်ပြန်ထားပါတယ်။

ယခုလို မတရားစွပ်စွဲ တရားစွဲဆိုတဲ့ လုပ်ရပ်ဟာ အကြမ်းဖက်စစ်ကောင်စီက နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် အကြမ်းမဖက်ပါဝင်လှုပ်ရှားနေကြတဲ့ ကျောင်းသားထုတစ်ရပ်လုံးကို ဖိနှိပ်မှု သာဖြစ်တယ်လို့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article