31 C
Yangon

မြန်မာ့အရေးကိစ္စ ပြည်တွင်းရေး ပြဿနာသာဖြစ်ပြီး အာဆီယံမှ တဆင့် ဖြေရှင်းသင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော

Must read

မြန်မာ့အရေးကိစ္စ ပြည်တွင်းရေး ပြဿနာသာဖြစ်ပြီး အာဆီယံမှ တဆင့် ဖြေရှင်းသင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ပြည်တွင်းရေး ပြဿနာတွေ သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားရေး ဆိုင်ရာလမ်းကြောင်းတွေ နဲ့ အာဆီယံ အဖွဲ့ ရဲ့ နည်းလမ်းတွေ အတိုင်း သာဖြေရှင်းသင့်တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်သစ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ပရီ ဖထိုင်ထနုကွန်း (Panpree Phathithanukorn ) က မနေ့က ပြောဆို လိုက် ပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေချုပ်ငြိမ်းဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် လိုက်နာအောင် ဆက်ပြီး ကြိုးစားနေတဲ့အတွက် အာဆီယံရဲ့အခန်းကဏ္ဍကို လျစ်လျူရှုလို့ မရနိုင်ဘူးလို့ထိုင်း နိုင်ငံခြားရေး ဝန်ကြီး သစ်ကပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံက အွန်လိုင်းသတင်းစာ ပရာချာ ထိုင်း ကဖော်ပြထားပါတယ်။

ထိုင်းအစိုးရအနေနဲ့လည်း အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင် အထည်ပေါ်လာအောင် ဆက်ကြိုးစားနေတယ်လို့ လည်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေအားလုံးဟာ ပြည်တွင်းရေးသာဖြစ်လို့ မြန်မာနိုင်ငံက ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးသစ် ပန်ပရီ ကပြောပါတယ်။

သို့ပေမယ့်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းမဲ့ ကြိုးပမ်းမှုတွေ အဆင်ပြေလာစေဖို့ အာဆီယံနဲ့ ဆွေးနွေးမှုတွေမှာ ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးမှာ ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လက်ရှိမြန်မာအစိုးရ (စစ်ကောင်စီအစိုးရ) နဲ့ မူးယစ်ဆေးဝါး နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မူခင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် တရားဝင်နဲ့ အလွတ်သဘောတွေ့ဆုံမှုတွေရှိတယ်လို့လည်း ထိုင်း ဒုဝန်ကြီးချုပ်သစ် ပန်ပရီ ကဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article