မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဘုန်းကောင်းရွာနှင့် မင်းတန်းရွာအကြား ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၁၅၀ ကျော်ဖြင့် ဧရာဝတီမြစ် ကြောင်းမှ တဆင့် မြောင်မြို့နယ် အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဘုန်းကောင်းကျေးရွာနှင့် မင်းတန်းကျေးရွာကြားအရောက် မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM ၊ ဒေါင်းစစ်သည် အဖွဲ့၊ ဆင်ရိုင်းစစ်ကြောင်း – မြောင်၊ ဒီမိုသိန်းငှက် တပ်ဖွဲ့၊ G7 အဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၅ ၊ အညာ မြေ (ကျောက်ပန်းတောင်း) နှင့် နဂါးပေါက် တိုက်နယ်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။