ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
ရန်ကုန်၊ စက်တင်ဘာ ၂၀
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၌ ဒိန်းမတ်နိုင်ငံမှ မဆုဆု၏ မွေးနေ့ အလှူအဖြစ် လှူဒါန်းပေးသော ဝက်သားဟင်း၊ သီးစုံပဲကုလားဟင်း၊ ရိုးရာအထောင်း၊ ဂေါ်ဖီထုတ်သုပ်၊ အအေးနှင့် ပေါင်မုန့်တို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။