24 C
Yangon

မြစ်ကြီးနား- ပူတာအိုလမ်းပေါ်ရှိ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၁ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

မြစ်ကြီးနား- ပူတာအိုလမ်းပေါ်ရှိ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၁ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-ပူတာအို လမ်းမပေါ် ရှိ အကြမ်း ဖက်စစ်ကောင်စီတပ် စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၂ ဦးအရှင် ဖမ်းမိကာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ် ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မြစ်ကြီးနား- ပူတာ အို လမ်းလမ်းမပေါ် ဒရိုး ချောင်း တံတားအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ် စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန် စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး ၂ ဦးအရှင် ဖမ်းမိကာ အကြမ်းဖက်စစ်သား အလောင်း ၁၁

လောင်း ၊ လက်နက်ကြီးများ၊ လက်နက်ငယ်များနှင် ခဲယမ်းအမြောက် အများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“မနက် ၇ နာရီလောက်ကနေ စတိုက်တာ၊ နေ့လည် ၁၂ နာရီ မိနစ် ၂၀ မှာ သိမ်းပိုက်နိုင်ခဲ့တယ်၊ စစ်ခွေး အလောင်း ၁၁ လောင်းတွေ့တယ်၊ ကျန်တဲ့ စစ် ခွေး တွေ ထွက်ပြေးသွားပါတယ်၊ စကစ တပ်ရဲ့ လက်နက် ကြီး၊ လက်နက် ငယ်တွေ၊ ခဲယမ်းတွေအမြောက်အများ သိမ်းဆည်းရရှိထားပါတယ်၊ စစ်ခွေး အရှင် ၂ ဦး ကိုလည်း ဖမ်းမိတယ်ပါတယ်။ စခန်းတစ်ခုလုံးကိုလည်း မီးရှို့ ရှင်းလင်း လိုက်ပါပြီ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခလရ ၅၈ တပ်ရင်းမှ စစ်သားများဖြစ်ပြီး KIA တပ်မဟာ ၁ လက် အောက်ခံတပ်ရင်း ၁၀ ၊ တပ်ရင်း ၂၂ နှင့် ခါကာဘိုရာဇီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-စစ်တပ်အထိုင်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအများ အပြားကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article