31 C
Yangon

ရေဦး-တန့်ဆည် နယ်စပ်ကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦး-တန့်ဆည် နယ်စပ်ကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် နယ်စပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့နယ်မှ ထွက်ခွာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကန့်ဘလူမြို့နယ်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းက ရေးဦး-တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦး-တန့်ဆည် နယ်စပ်ရှိ ပန်းကုံးရွာ၊ ဆပ်သေရွာ၊ အင်တောရွာ၊ ပုဏ္ဏကားရွာ၊ ဖန်းခါးဇင်ရွာ၊ ချောင်းရိုးရွာ၊ ရွှေတံကျေးရွာ၊ ခပေါင်းကြိုင်ရွာ၊ ရွာသာယာရွာ၊ လှည်းသွင်းရွာ၊ တူမောင်းရွာနှင့် ဝက်သဲရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခု စစ်ခွေးစစ်ကြောင်း တစ်ကြောင်းက ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို ဦးတည်နေတယ်။ တန့်ဆည်နယ်ထဲက စစ်ခွေးကြောင်းက ရွှေတံကျေးရွာ အနောက်ဘက် တောတိုက်ထဲရောက်နေတယ်။ စစ်ခွေး စစ်ကြောင်း ၂ ကြောင်းက နယ်စပ်ကို ညှပ်ပြီး ပိတ်ထားသလို ဖြစ်နေတယ်။ ရွာ ၁၂ ရွာကျော်က ပြည်သူ တစ်သောင်းကျော်လောက် တိမ်းရှောင်နေရတယ်။ စစ်ကြောင်း ၂ ကြောင်းက ဘယ်ကိုဝင်မလဲ မသိရသေးဘူး” ဟု ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article