28 C
Yangon

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်

Must read

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံး ကို ယနေ့ နံနက်ပိုင်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက် ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက်ရှိ ရဲစခန်းကို KIA တပ်ရင်း ၆ က ထိုးစစ်ဆင် တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ ကြောင်း၊ ထို့အတူ စရဖရုံးကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက် ခိုက် မှု ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“ရဲအသေအပျောက်တော့ရှိတယ်။ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက် လုပ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားကြတာ။ နောက်တစ်ခါ စရဖရုံးကိုလည်း ပစ်ခတ် တိုက် ခိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်နေရာတိုက်ခိုက်မှု ဖြစ်တာ ပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ဘက်တွင် စစ်တပ်နှင့်ရဲ များက ဖြန့်ကျက်နေရာယူထားပြီး လမ်းဆုံလမ်းဂွတချို့ကို ပိတ်ဆို့ထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article