24 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ အောက်တိုဘာ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့တွင် အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဲ၊ ပျူ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အသုံးချကာ ရှေ့မှ ကျားထိုး တက်ခိုင်းပြီး ဝင်ရောက်လာသဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများမှ တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၂၉ ရက်ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ပျူ၊ မီးသတ် တပ်ဖွဲ့ဝင် ၅၀ ခန့် သေဆုံးပြီး ၂၀ ခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးစစ်သည်တော်များ စစ်ကြောင်းထံမှ သိရသည်။

“တိုက်ပွဲအတော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ၊ တိုက်ပွဲကကြီးတယ်၊ ERO လည်းပါတယ်၊ ပြီးတော့ စစ်ဒေသရုံးကလည်း ထုတ်ပြန်ခွင့်ပေးမထားသေးဘူး၊ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးများတယ်လို့ တော့ အတည်ပြုလို့ရပါတယ်၊” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)၊ PDF တပ်ရင်း ၃၇၀၂ တို့ ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဆိုင်ကယ် ၂ စီး၊ စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ဝင်များ ယခုထက်ပိုမိုများစွာသုတ်သင်နိုင်သော်လည်း လက်နက်ခဲယမ်းလိုအပ်ချက်ဖြစ် ပေါ်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သက်သာရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သံဃာတော်တစ်ပါးနှင့် ပြည်သူ ၂ ဦး ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ စစ်ကူ အင်အား အများအပြားလည် ထပ်ဖြည့်ထားကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့လည် ၁၁ နာရီခန့်က စတင်ပြီး ညနေ ၅ နာရီခန့်အထိ ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်သား အလောင်းတစ်လောင်းနှင့် သေနတ်တစ်လက် သိမ်းဆည်း ရရှိ ခဲ့ပြီး ဘတ်ဖိုးတစ်စီးဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား ၁၅ ဦးခန့်သေ ဆုံးပြီး ၁၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးစစ်သည်တော်များ စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Spring Warriors Column (နွေဦးဗျူဟာ စစ်ကြောင်း)၊ PDF တပ်ရင်း ၃၇၀၂ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိကာ တစ်ဦးစိုးရိမ်ရ အခြေအနေဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article